ဒဂုံနှင့် ရတနာပုံ စီမံချက်နှစ်ရပ်ဖြင့် ရန်ကုန်နှင့် မန္တလေးတွင် နှိမ်နင်းမည်

ဒဂုံနှင့် ရတနာပုံ စီမံချက်နှစ်ရပ်ဖြင့် ရန်ကုန်နှင့် မန္တလေးတွင် နှိမ်နင်းမည်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

အစိုးရသစ်က ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဒဂုံနှင့် ရတနာပုံ အထူးစီမံကိန်းနှစ်ရပ်ချမှတ်ကာ မူးယစ်ဆေးဝါးဖြိုခွင်းနှိမ်နှင်းရေးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း   ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းအထူးစီမံကိန်းနှစ်ရပ်သည် ဧပြီ ၁ ရက်က စတင်တာဝန်ယူသည့် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းအတွင်း အကျုံးဝင်ပါဝင်သော စီမံကိန်းများလည်းဖြစ်သည်။

တစ်ချိန်တည်းတွင် ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံအနှံ့ ရာဇဝတ်ဂိုဏ်းများအား အရေးယူဆောင်ရွက်ရေးကို လုပ်ဆောင်လျက်ရှိသကဲ့သို့ ရက် ၁၀၀ အတွင်း တရားစွဲဆိုအမှုရင်ဆိုင်နေရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ပြန်လွှတ်ပေးရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိနေသည်။

နိုင်ငံတွင် ငွေကြေးခဝါချအလွဲသုံးစားမှုများနှင့် စီးပွားရေးရာဇဝတ်မှုများအား ဖြိုခွင်းနှိမ်နှင်းရေးအတွက်လည်း အထူးစုံစမ်းစစ်ဆေးရေးဌာနက အရှိန်မြှင့်လုပ်ဆောင်သွားမည်လည်းဖြစ်သည်။

လက်ရှိတွင် နိုင်ငံရေးအမှုဖြင့် အမှုရင်ဆိုင်နေရသူပေါင်း ၄၄၀ ဦးအား ပြည်ထဲရေးဝန်ကြီးဌာနက ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။

တရားဝင်စာရင်းဇယားများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မေ ၂၀ ရက်အထိ တစ်လတည်း၌ ရာဇဝတ်မှုပေါင်း ၉၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Ref: ဆင်ဟွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly