တရုတ်က အမေရိကန် ကုန်သွယ်ရေးလျှို့ဝှက်ချက်များနှင့် အစိုးရသတင်းအချက်အလက်များ ခိုးယူနေဟု ဟီလာရီကလင်တန် စွပ်စွဲ

တရုတ်က အမေရိကန် ကုန်သွယ်ရေးလျှို့ဝှက်ချက်များနှင့် အစိုးရသတင်းအချက်အလက်များ ခိုးယူနေဟု ဟီလာရီကလင်တန် စွပ်စွဲ

တရုတ်နိုင်ငံကအမေရိကန်၏ ကုန်သွယ်စီးပွားဆိုင်ရာ လျှို့ဝှက်ချက်များနှင့် အစိုးရသတင်းအချက်အလက်များကို ခိုးယူနေကြောင်း ရီပတ်ဘရီကန်သမ္မတလောင်း ဟီလာရီကလင်တန်က စွပ်စွဲပြောကြားသည်။

”အမေရိကန်နိုင်ငံတွင် လုပ်ဆောင်ခြင်းမရှိသော လုပ်ရပ်မျိုးကို တရုတ်နိုင်ငံက အစစအရာရာတွင် ကွန်ပြူတာဖောက်ထွင်း ဝင်ရောက်ရန် ကြိုးစားနေကြောင်း” ဟီလာရီကလင်တန်က စွပ်စွဲလိုက်ပြီး အမေရိကန် အနေဖြင့် နိုးကြား သတိရှိရန် ဆော်သြခဲ့ သည်။

ယခုနှစ်အစောပိုင်းက အမေရိကန်အစိုးရအေဂျင်စီတစ်ခုမှ မှတ်တမ်းများ များပြားစွာ အဟက်ခံရခြင်းတွင် အဓိကသံသယဖြစ် သည့် လက်သည်အဖြစ် တရုတ်အား အမေရိကန်တာဝန်ရှိသူများက စွပ်စွဲထားသည်။

တရုတ်က ထိုသို့ အမေရိကန်တွင် ကွန်ပြူတာဟက်ကာဖောက်ထွင်းခံရခြင်းများတွင် မည့်သို့မျှ ပါဝင်ခြင်းမရှိကြောင်း ငြင်းဆန်ပြီး တာဝန်မဲ့သော စွပ်စွဲချက်များဖြစ်ကြောင်း ပြောခဲ့သည်။

ကာကွယ်ရေးဆိုင်ရာ ကန်ထရိုက်လျှို့ဝှက်ချက်များကို တရုတ်က ခိုးယူနေခဲ့ပြီး အရေးကြီးသည့် အစိုးရသတင်း အချက်အလက် မြောက်မြားစွာကို ဟက်ကာဖောက်ဝင် ရယူသွားကြောင်း နယူးဟမ်ရှိုင်းယားတွင် လှုံ့ဆော်စည်းရုံးပွဲတစ်ခု၌ ဟီလာရီက ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်၏ ငြိမ်းချမ်းစွား တိုးတက်လာခြင်းများကို မြင်လိုကြောင်း၊ သို့သော် အမေရိကန်အနေဖြင့် အပြည့်အဝနိုးကြား သတိရှိနေ ရမည်ဖြစ်ကြောင်းလည်း ၎င်းကဖြည့်စွက်ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly