တရုတ်နှင့် မြန်မာ စစ်ရေးပူးပေါင်းမှု ပိုမိုခိုင်မြဲစေရန် သန္ဒိဌာန်ချ

တရုတ်နှင့် မြန်မာ စစ်ရေးပူးပေါင်းမှု ပိုမိုခိုင်မြဲစေရန် သန္ဒိဌာန်ချ
ဧပြီ ၆ရက်က မြန်မာနိုင်ငံသို့လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr.Wan Yi နှင့် မြန်မာသမ္မတ ဦးထင်ကျော်တို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-မင်းမင်း)

စစ်ရေးလေ့ကျင့်မှုနှင့် ကာကွယ်လုပ်ငန်းများကဲ့သို့ နယ်ပယ်များတွင် စစ်တပ်ခြင်းဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်သွားရေးကို တရုတ်နှင့် မြန်မာနိုင်ငံသို့ သန္ဒိဌာန်ချမှတ်ခဲ့သည်။

လာအိုနိုင်ငံ ဗီယက်ကျန်းမြို့တွင် အလည်အပတ်ရောက်ရှိနေသည့် တရုတ်ကာကွယ်ရေးဝန်ကြီး Chang Wanquan နှင့် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းတို့ တွေ့ဆုံမှုတွင် ယခုကဲ့သို့ ကတိကဝတ်ပြုခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှု၌ တရုတ်နှင့် မြန်မာနိုင်ငံကြား မဟာဗျူဟာမြောက်မိတ်ဖက်ပြုမှုကို နက်ရှိုင်းခိုင်မာစေခြင်းဖြင့် နှစ်နိုင်ငံနှင့် ပြည်သူနှစ်လုံးစလုံး၏ အကျိုးတရားကို ဖော်ဆောင်သကဲ့သို့   ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှုရှိပါကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောသည်။

နှစ်ဖက်စစ်တပ်ကြားတွင် နှစ်ဦးနှစ်ဖက်ပေါင်းစည်းမှုကို မြှင့်တင်သွားကာ စစ်ရေးလေ့ကျင့်မှုများကိုလည်း ပိုမိုနက်ရှိုင်းစာ လုပ်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။

စစ်ရေးလေ့ကျင့်မှုများအတွက် တရုတ်နိုင်ငံ၏ အကူအညီအထောက်အပံ့အပေါ် ကျေးဇူးတင်ပါကြောင်း ဗိုလ်ချုပ်စိန်ဝင်းက ပြောသည်။ နှစ်နိုင်ငံကြား ရင်းနှီးသည့် မိတ်ဆွေဆက်ဆံရေးသည် မြန်မာနိုင်ငံအတွက် တန်ဖိုးကြီးကြောင်းနှင့် မြန်မာတပ်မတော်အနေဖြင့်လည်း တရုတ်စစ်တပ်နှင့် ပိုမိုဆက်ဆံသွားရန် မျှော်လင့်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

နှစ်ဖက်ကာကွယ်ရေးဝန်ကြီးများက တောင်တရုတ်ပင်လယ်အငြင်းပွားမှုအပါအဝင် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ စိုးရိမ်ပူပန်မှု အရေးကိစ္စများကိုလည်း အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly