ဇွဲကပင်ယူနိုက်တက်အသင်း ပြည်တွင်းပြည်ပ ကစားသမားငါးဦး အားဖြည့်

ဇွဲကပင်ယူနိုက်တက်အသင်း ပြည်တွင်းပြည်ပ ကစားသမားငါးဦး အားဖြည့်

မေ ၂၅၊ ရန်ကုန်။             ။ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်များအတွက်ပြင်ဆင်နေသော ဇွဲကပင်ယူနိုက်တက်အသင်းသည် ရာသီဝက်အပြောင်းအရွှေ့ဈေးကွက်အတွင်း   ပြည်တွင်းပြည်ပကစားသမား ငါးဦးကို ခေါ်ယူအားဖြည့်ခဲ့သည်။

ဇွဲကပင်အသင်းသည် အသင်းနှင့်လမ်းခွဲခဲ့သော ခရိုအေးရှားတိုက်စစ်မှူး ဇီကိုဗစ်နေရာတွင်အစားထိုးရန် ဂါနာနိုင်ငံသားတိုက်စစ်မှူး ပက်ထရစ်ကို အားဖြည့်ခေါ်ယူခဲ့သည်။ ထို့အပြင်ဇွဲကပင်အသင်းအနေဖြင့် ပြည်တွင်းကစားသမားများအဖြစ် နောက်ခံလူ အေးကိုကိုမောင်၊ ကွင်းလယ်ကစားသမားများဖြစ်သော စောစီအိုင်၊ လွင်မျိုးအောင်၊ နိုင်ကိုလင်း၊ တို့ကို ခေါ်ယူခဲ့သည်။

ဇွဲကပင်ယူနိုက်တက်အသင်းသည် ဂါနာနိုင်ငံသားတိုက်စစ်မှူး ပက်ထရစ်ကို ခေါ်ယူခဲ့သဖြင့် အသင်းတွင် နိုင်ငံခြားသားကစားသမားလေးဦးအထိရှိခဲ့ပြီဖြစ်ကာ ဂျပန်ကစားသမား ကမ်၊ ဘရာဇီးကစားသမား ဂျုနီယာနှင့် နိုက်ဂျီးရီးယားနောက်ခံလူ ကလစ်ဖို့ဒ်တို့ ကစားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly