အစွန်းရောက်များက မူးယစ်ထုံထိုင်းဆေးသုံး၍ အသေခံဗုံးခွဲခိုင်းဟု လွတ်မြောက်လာသည့် အမျိုးသမီးပြော

အစွန်းရောက်များက မူးယစ်ထုံထိုင်းဆေးသုံး၍ အသေခံဗုံးခွဲခိုင်းဟု လွတ်မြောက်လာသည့် အမျိုးသမီးပြော

မေဒူဂူရီ၊ မေ ၂၄ ။         ။ နိုင်ဂျီးရီးယားနိုင်ငံတွင် ဘိုကိုဟာရမ်အစ္စလာမ်မစ်အစွန်းရောက်များက ဈေးတစ်ဈေးအား အသေခံဗုံးခွဲရန်အတွက် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲဖမ်းဆီးကာ မူးယစ်ထုံထိုင်းဆေးများ ပေးပြီး စေခိုင်းခဲ့သည်။

ဘိုကိုဟာရမ်တို့၏ စတေးခံအဖြစ်မှ လွတ်မြောက်လာသည့် အသက် ၃၀ အရွယ်ရှိ ခါဒီဂျာအီဘရာဟင်က ၎င်း၏ အတွေ့အကြုံကို သတင်းထောက်များအား ပြန်ပြောင်းပြောရာတွင်   မေဒူဂူရီမြို့က ဆေးရုံတစ်ရုံသို့ သွားရန် ဘတ်စ်ကားစောင့်နေခဲ့ကြောင်း၊ ထိုအချိန်၌ လူနှစ်ဦးရောက်လာကာ ကားဖြင့် တင်ခေါ်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောသည်။

 ကလေးသုံးယောက်အမေတစ်ဦးဖြစ်သည့် ခါဒီဂျာကို အစွန်းရောက်အဖွဲ့က မူးယစ်ထုံထိုင်းဆေးများ ပေးကာ ဗုံးခါးပတ်ဝတ်ဆင်စေပြီး အသေခံဗုံးခွဲရန် စေခိုင်းခြင်းဖြစ်သည်။

 သို့သော် ခါဒီဂျာအနေဖြင့် ၎င်းတို့လက်မှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

 ခါဒီဂျာသည် ကားအတွင်း ဖမ်းခေါ်ခံရပြီးနောက် နှာခေါင်းတွင် အနံတစ်မျိုးရှုမိပြီး အသိစိတ်ကင်းလွတ်သွားခဲ့သည်။

 ပြန်လည်နိုးထာလာချိန်တွင် ဖမ်းဆီးထားသူများမှ တစ်ဦးက သူမအား ဘုရားသခင်အတွက် အလုပ်အကျွေးပြုရပါမယ် ဟု တီးတိုးပြောဆိုသည်။

 ထိုနောက် ဖမ်းဆီးထားသူများက ခါဒီဂျာအား ကန်နိုမြို့ရှိ အဝတ်အထည်ဈေးတန်းအား အသေခံဗုံးခွဲရန်အတွက် ခေါ်ဆောင်သွားခဲ့သည်။

 သို့သော်လည်း ကားအင်ဂျင် အပူလွန်ဟိတက်သဖြင့် ပြန်ပေးဆွဲထားသူနှစ်ယောက် အကျပ်ရိုက်နေကာ တစ်ယောက်က ရေသွားရှာစဉ် ခါဒီဂျာက အလွတ်ရုန်းထွက်ပြေးလာနိုင်ခဲ့ခြင်းဖြစ်သည်။

 ထွက်ပြေးလာသည့် ခါဒီဂျာက အမျိုးသားတစ်ဦးနှင့် တွေ့ပြီး ယင်းအမျိုးသားက ရဲစခန်းသို့ ခါဒီဂျာအား လိုက်ပါပို့ဆောင်ပေးခဲ့မှ ၎င်းလွတ်မြောက်လာခဲ့ခြင်းဖြစ်တော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly