ဆီးရီးယားအစိုးရအမာခံနယ်မြေတွင် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူပေါင်း ရ၈ ဦးသေဆုံး

ဆီးရီးယားအစိုးရအမာခံနယ်မြေတွင် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူပေါင်း ရ၈ ဦးသေဆုံး

ဒမတ်စကပ်၊ မေ ၂၃ ။          ။ ဆီးရီးယားနိုင်ငံ မြေထဲပင်လယ်ကမ်းခြေရှိ အစိုးရ၏ အမာခံနယ်မြေနှစ်ခုတွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်၍ လူပေါင်း ၇၈ ဦး အနည်းဆုံးသေဆုံးသည်။

ဆိပ်ကမ်းမြို့ တာတော့စ်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်တွင် အသေခံဗုံးခွဲသမားတစ်ဦး ဖောက်ခွဲခြင်းနှင့် ကားဗုံးဖောက်ခွဲခြင်းတို့ မိနစ်ပိုင်းအတွင်း နေရာခြားကာ ပေါက်ကွဲမှုဖြစ်သည်။

ဂျာဘလက်ရှ်မြို့တွင်း၌လည်း ဘတ်စ်ကားမှတ်တိုင်နှင့် ဆေးရုံတစ်ခုတို့အား ပစ်မှတ်ထားပြီး ဗုံးခွဲမှုလေးကြိမ်ဖြစ်ပွားသည်။

အဆိုပါတိုက်ခိုက်မှုများကို အိုင်အက်စ်တို့ကကျုးလွန်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့နှင့် အချိတ်အဆက်ရှိသည့် သတင်းဌာနက ဖောြ်ပသည်။

အိုင်အက်စ်များက ဘာသာသွေဖည်သည်ဟူဆိုထားသည့် ရှီယိုက်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု Amaq သတင်းဌာနက ဖောြ်ပသည်။

ယခုဗုံးဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ရာ သမ္မတအာဆတ်အစိုးရ၏ အမာခံမြို့နှစ်မြို့စလုံးတွင် အာဆတ်၏ အဓိကနောက်ကွယ်ကရပ်တည်နေသည့် ရုရှရေတပ်နှင့် လေတပ်စခန်းတို့ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly