ကိုပါဒယ်ရေးဗိုလ်လုပွဲတွင်ဒဏ်ရာရခဲ့၍ ကိုပါအမေရိကပြိုင်ပွဲဝင်ရန် ဆွာရက်ဇ်မသေချာ

ကိုပါဒယ်ရေးဗိုလ်လုပွဲတွင်ဒဏ်ရာရခဲ့၍ ကိုပါအမေရိကပြိုင်ပွဲဝင်ရန် ဆွာရက်ဇ်မသေချာ

မေ ၂၃၊ ဘာစီလိုနာ ။              ။ တနင်္ဂနွေညက ဆီဗီလာနှင့်ကစားခဲ့သော ကိုပါဒယ်ရေးဗိုလ်လုပွဲတွင် ဒဏ်ရာရသွားသော ဆွာရက်ဇ်သည် ကိုပါအမေရိကဖလားပြိုင်ပွဲဝင်ရန် မသေချာသည့်အနေအထားနှင့် ရင်ဆိုင်နေရသည်။

ဥရုဂွေးတိုက်စစ်မှူးသည် ပြိုင်ဘက်နှင့်ထိခိုက်ခြင်းမရှိသော်လည်း ဘောလုံးဆွဲပြေးရင်း လဲကျခဲ့ခြင်းဖြစ်သည်။ အသက် ၂၉ နှစ်အရွယ် ကစားသမားမှာ ကွင်းအတွင်းမှမျက်ရည်များဖြင့်ထွက်ခွာခဲ့ရပြီး ရာဖင်ဟာနှင့်လူစားလဲခံခဲ့ရသည်။ ယင်းအချိန်တွင် တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိ သရေကျနေခဲ့သည်။

ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်က ဒဏ်ရာကို တနင်္လာနေ့တွင် ဆေးစစ်ရမည်ဖြစ်ပြီး ဘာမှမဖြစ်စေရန်မျှော်လင့်သည်ဟု တွစ်တာတွင် ရေးထားသည်။

ဆွာရက်ဇ်သည် ဇွန် ၅ ရက်တွင် မက္ကဆီကိုနှင့်စတင်ကစားရမည့် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ဥရုဂွေးအသင်းအတွက် ပွဲထွက်ကစားပေးရန်ရှိနေခဲ့သူဖြစ်သည်။

ယင်းနောက်တွင် ဥရုဂွေးသည် ဇွန် ၉ တွင် ဗင်နီဇွဲလား၊ ဇွန် ၁၃ တွင် ဂျမေကာတို့နှင့် ကစားရမည်ဖြစ်သည်။ ဘာစီလိုနာအသင်းအတွက် ဂိုး ၄၀ သွင်းပြီး လာလီဂါဂိုးသွင်းအများဆုံးတိုက်စစ်မှူးဖြစ်ထားသော ဆွာရက်ဇ်သည် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ရန် ဒုတိယမြောက်အများဆုံး အလေးပေးခန့်မှန်းခံထားရသူဖြစ်သည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly