မန္တလေးတွင် သံဃာများကိုယ်တိုင် ကား၊ ဆိုင်ကယ်မမောင်းနှင်ရန် သံဃနာယက ထုတ်ပြန်

မန္တလေးတွင် သံဃာများကိုယ်တိုင် ကား၊ ဆိုင်ကယ်မမောင်းနှင်ရန် သံဃနာယက ထုတ်ပြန်

မန္တလေမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းမှ သံဃာတော်များကိုယ်တော်တိုင် ကားမောင်းခြင်း၊ ဆိုင်ကယ်မောင်းနှင်းမပြုလုပ်ရန် မေလ ၂၂ ရက် ရက်စွဲဖြင့် ချမ်းအေးသာစံမြို့နယ်၊ သံဃနာယကအဖွဲ့က ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်များကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများကို ဖြန့်ဝေလျက်ရှိသည်။

ထုတ်ပြန်ချက်ထဲတွင် သံဃာတော်များကိုယ်တိုင် ကားနှင့်ဆိုင်ကယ်မောင်းနှင်မှုများ တွေ့ရှိပါက ၁၃၇၈ခု၊နယုန်လဆုတ်(၁၁)ရက်၊ (၁.၇.၂၀၁၆) သောကြာနေ့မှစ၍ အရပ်ဘက်ဥပဒေအတိုင်း အရေးယူနိုင်ရန် သက်ဆိုင်ရာသို့အပ်နှံသွားမည်ဖြစ်ကြောင်းပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly