ဂျာမန်ဖလားဗိုလ်လုပွဲအပြီးတွင် နည်းပြဂွာဒီယိုလာမျက်ရည်များဖြင့် နှုတ်ဆက်

ဂျာမန်ဖလားဗိုလ်လုပွဲအပြီးတွင် နည်းပြဂွာဒီယိုလာမျက်ရည်များဖြင့် နှုတ်ဆက်

မေ ၂၂၊ မြူးနစ်။             ။ ဘိုင်ယန်မြူးနစ်ကို နောက်ဆုံးပွဲစဉ်အဖြစ်ကိုင်တွယ်သည့် ဂျာမန်ဖလားဗိုလ်လုပွဲတွင် ဒေါ့မွန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရဗိုလ်စွဲပြီး နောက် နည်းပြဂွာဒီယိုလာသည် မျက်ရည်များဖြင့် နှုတ်ဆက်ခဲ့သည်။

ပွဲချန်အတွင်းနှင့် အချိန်ပိုတွင် ဂိုးမရှိသရေကျနေသဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူကြရာ ဒေါ့မွန်ဘက်မှ ဘန်ဒါနှင့် ဆိုခရေးတစ်တို့ ဂိုးမဝင်ခဲ့ သဖြင့် ဘိုင်ယန်ဘက်မှ ဒေါက်ဂလပ်ကော်စတာ၏ဂိုးက အဆုံးအဖြတ်ဖြစ်သွားကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဂွာဒီယိုလာသည် လာမည့်ရာသီတွင် မန်စီးတီးအသင်းကို ကိုင်တွယ်ရန်အတွက် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာတော့မည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်တွင် သုံးနှစ်သက်တမ်းအတွင်း ဘွန်ဒက်စ်လီဂါဖလားကို သုံးနှစ်စလုံးရယူပေးခဲ့ပြီး ဂျာမန်ဖလား နှစ်လုံး ရယူပေးနိုင်ခဲ့သည်။

လာမည့်ရာသီသီတွင် ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့တော့မည့် ဟမ်မဲလ်သည်လည်း ဒေါ့မွန်အတွက် နောက်ဆုံးပွဲအဖြစ် ကစားသွားခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly