ဧဝရတ်တောင်ထိပ်တွင် မြန်မာအလံစိုက်ထူနိုင်ခဲ့သည့် တောင်တက်သမားများကို ဦးတေဇသွားကြိုမည်

ဧဝရတ်တောင်ထိပ်တွင် မြန်မာအလံစိုက်ထူနိုင်ခဲ့သည့် တောင်တက်သမားများကို ဦးတေဇသွားကြိုမည်
ဓာတ်ပုံ-ဦးတေဇ ဖေ့ဘုတ်

ရန်ကုန်၂၁ ။              ။ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ် မြန်မာနိုင်ငံတော်အလံနှင့် ထူးဖောင်ဒေးရှင်း အလံများ လွှင့်ထူနိုင်ခဲ့သည့် မြန်မာတောင်တက်သမားများကို   မြန်မာနိုင်ငံခြေလျင်နှင့်   တောင်တက်အဖွဲ့ချုပ်၏ နာယက ထူးကုမ္ပဏီများ အုပ် စု၏ ဥက္ကဋ္ဌဖြစ်သော ဦးတေဇ သွားရောက် ကြိုဆိုမည် ဖြစ်ကြောင်း သိရသည်။

၎င်းအနေဖြင့် တောင်တက်သမားများကို သွားရောက် ကြိုဆိုရန် ယခုအချိန်တွင် နီပေါနိုင်ငံ၊ ခတ်တမန်ဒူ (Kathamandu) ကို ရောက်ရှိနေပြီဖြစ်ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင်   ရေးသားထားသည်။

မေ ၁၉ ရက်၊ မနက် ၇ နာရီ ၁၇ မိနစ်တွင် ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို မြန်မာနိုင်ငံသား၂ ဦး ဖြစ်သည့် ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့ အောင်မြင်စွာ ခြေချနိုင်ခဲ့ခြင်း ဖြစ်ပြီး ကိုပြည့်ဖြိုးအောင် မတ် ၂၁ ရက်နေ့တွင် နံနက် ၁၁နာရီ ၂၀တွင် Base Camp ကို ရောက်ရှိနေပြီဖြစ်ပြီး ကိုဝင်းကိုကိုမှာ လမ်းခရီး၌သာရှိနေသေးကြောင်း ဦးတေဇက သူ၏ လူမှုကွန်ရက်တွင်ရေးသားထားသည်။

တောင်တက်သမား နှစ်ဦးသည် အမြင့်ပေ ၂၉၀၂၉ (၈၈၄၈ မီတာ) ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရက် တောင် ထိပ်ကို မြန်မာနိုင်ငံသားများထဲမှ ဧဝရက်တောင်မှာ ပထမဆုံးခြေချနိုင်ခဲ့ကြတဲ့   တောင်တက်သမားနှစ်ဦး ဖြစ်ပါပြီး ကိုဝင်းကိုကို တောင်ခြေစခန်းသ့ို အောင်မြင်စွာ ပြန်လည် ရောက်ရှိနိုင်ဖို့ မိမိ ဆုတောင်းနေသလို မြန်မာနိုင်ငံသားများကလည်း ဆုတောင်းပေးကြဖို့ မိမိ တိုက်တွန်းလိုပါတယ်ဟု ရေးသားထားသည်။

အဆိုပါ ဧဝရတ်တော်ကို ကိုပြည့်ဖြိုးအောင်၊ ကိုဝင်းကိုကို၊ ကိုညီညီအောင်(ခ)ဒိုးလုံးတို့ သုံးဦးတက်ရောက်ခဲ့သော်လည်း ကိုညီညီအောင်မှာ ကျန်းမာရေးအခြေနေကြောင့် ဆက်လက်တက်ရောက်ခြင်းမပြုနိုင်ပဲ လမ်းခုလတ်တွင်သာ ကျန်ရှိခဲ့ရခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly