ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက် ဒုတိယအဆင့်ကို မြန်မာနေရှင်နယ်လိဂ်-၂မှ သုံးသင်းတက်ရောက်နိုင်ခဲ့

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက် ဒုတိယအဆင့်ကို မြန်မာနေရှင်နယ်လိဂ်-၂မှ သုံးသင်းတက်ရောက်နိုင်ခဲ့

မေ ၂၁၊ ရန်ကုန်။               ။ ၂၀၁၅-၁၆ဘောလုံးရာသီ ဗိုလ်ချုပ် အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်ပွဲ စဉ်များအပြီးတွင်မြန်မာနေရှင်နယ်လိဂ်-၂မှ ကလပ်အသင်းသုံးသင်း ဒုတိယအဆင့်သို့တက် ရောက်နိုင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ ကို မြန်မာနေရှင်နယ်လိဂ်မှအသင်း ၁၂သင်း၊ မြန်မာနေရှင်နယ်လိဂ်-၂မှ ၁၀သင်း၊ စုစုပေါင်း ၂၂သင်းဖြင့်ကျင်းပနေခြင်းဖြစ်သည်။ ပထမအဆင့်ပွဲစဉ်များအပြီးတွင် မြဝတီအသင်း ကဂျီအက်ဖ်အေအသင်းကို ပင်နယ်တီအဆုံး အဖြတ်ဖြင့်အနိုင်ရခဲ့သလို၊ ရခိုင်ယူနိုက်တက်က စီးတီစတားကို ၂-ဝဂိုး၊ ဆောက်သမ်းက မောရ ဝတီကိုပင်နယ်တီအဆုံးအဖြတ်၊ ဟော်ရဇွန်က ဖုန်ဂန်ကို ၃-ဝဂိုး၊ ချင်းယူနိုက်တက်က ငွေကြယ် ပွင့်လေးများအသင်းကို ၃-၁ဂိုး၊ နေပြည်တော်က တကသိုလ်အသင်းကို ပင်နယ်ဆီအဆုံးအဖြတ်၊ မဟာယူနိုက်တက်က သန်လျင်ယူနိုက်တက်ကို ၈-၁ဂိုး၊ မနောမြေက ဒဂုံကို ၁-ဝဂိုးတို့ဖြင့်အနိုင်ရ ပြီးနောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲနှင့် ပတ်သက်ပြီး ရခိုင်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်ဇော်မျိုးက “ဒီပြိုင်ပွဲကိုကျွန်တော်တို့ အာရုံ စိုက်ကစားပါမယ်။ မနှစ်ကတန်းဆင်းဇုန်နဲ့နီးနေ ချိန်မှာ ဧရာဝတီနဲ့ကစားခဲ့ရလို့ ရှုံးခဲ့ပေမယ့်ဒီနှစ်မှာ တော့အနိုင်ရအောင်ကစားမှာပါ။ အသင်းအနေနဲ့ အမြင့်ဆုံးအဆင့်ရောက်မယ်လို့ မျှော်လင့်ထားပါ တယ်။”ဟု ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ ဒုတိာအဆင့်တွင် မဟာယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်၊ မနောမြေနှင့်ဟံသာဝတီ၊ ဇေယျာရွှေမြေနှင့်မြဝတီ၊ နေပြည်တော်နှင့် ရှမ်းယူနိုက်တက်၊ မကွေးနှင့်ချင်း၊ ဟော်ရဇွန် နှင့်ရတနာပုံ၊ ဇွဲကပင်နှင့်ဆောက်သမ်း၊ ရခိုင် နှင့်ဧရာဝတီအသင်းတို့ တွေ့ဆုံနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly