မေ ၂၁၊ လန်ဒန် ။ ။ အာဆင်နယ်အသင်းသည် မိုချင်ဂလတ်ဘတ်အသင်းမှ ဆွစ်ဇာလန်ကွင်းလယ်ကစားသမား ဇာခါကို ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် အလွန်နီးစပ်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းများက ဖော်ပြလျက်ရှိသည်။
အသက် ၂၃ နှစ်အရွယ်ရှိ ဇာခါသည် အာဆင်နယ်အသင်းက အလွန်အလိုရှိနေသည့်ကစာသမားတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်လလောက်ကတည်းက ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ၎င်းမှာ လက်ရှိအချိန်တွင် ယူရို ၂၀၁၆ ပြိုင်ပွဲဝင်ရန် ဆွစ်ဇာလန်အသင်း၌ ရွေးချယ်ခံထားရသူလည်း ဖြစ်သည်။
အာဆင်နယ်အသင်းမှာ ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်၌ ဒုတိယရခဲ့သော်လည်း ချန်ပီယံဆုကို မရယူနိုင်သည့်အတွက် ပရိသတ်များမှာ အလွန်စိတ်ပျက်လျက်ရှိနေကြသည်။ အသင်းမှ အဓိက ကစားသမာအချို့သည်လည်း အသင်းပြောင်းရွှေ့ဖွယ်ရှိနေကြသောကြောင့် နည်းပြ ဝင်းဂါးက ကစားသမားကောင်းများ အားဖြည့်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ဇာခါသည် အာဆင်နယ်အသင်းသို့ ရောက်ရှိလာခဲ့ပါ အာရွန်ရမ်ဆေး၊ ဝီလ်ရှိုင်းယားတို့နှင့် ကွင်းလယ်တွင် နေရာလုရမည် ဖြစ်သည်။
ရည်ညွှန်း ဘီဘီစီ