ရန်ကုန်မြို့တွင်း သောက်သုံးရေဖြန့်ဖြူးပေးရေး ခေတ်မီကွန်ယက်တည်ဆောက်ရန် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်နေ

ရန်ကုန်မြို့တွင်း သောက်သုံးရေဖြန့်ဖြူးပေးရေး ခေတ်မီကွန်ယက်တည်ဆောက်ရန် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်နေ
 မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေနှင့် ရေဆိုးသန့်စင်မှုဆိုင်ရာ စက်မှုပြပွဲ(ဓာတ်ပုံ - မဇ္ဈိမ)

ရန်ကုန်၊ မေ ၂၀ ။              ။ လူဦးရေတိုးမြင့်လာသည့် ရန်ကုန်မြို့တော်တွင် သောက်သုံးရေဖြန့်ဖြူးပေးရာ၌ ခေတ်မှီရေဖြန့်ဖြူးရေးကွန်ရက် တစ်ခု တည်ဆောက်နိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ရေးဆွဲနေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက တိုင်းဒေသကြီး လွှတ်တော်တွင် မေ ၂၀ရက်က ပြောကြားခဲ့သည်။

"ရန်ကုန်မြိုကတော် ရေပေးဝေရေးလုပ်ငန်းတွေမှာ ၂၀၄၀ခုနှစ်မှာ တိုးတက်လာတဲ့ လူဦးရေနဲ့အညီ ကောင်း မွန်ပြည့်စုံဆုံးအတွက် ဇုံနေရာ ၁၀ နေရာ ခွဲခြားသတ်မှတ်ပြီးတော့ ဇုံအလိုက်အကွက်အလိုက် ရေအလေအလွင့် စောင့်ကြည့်ထိမ်းချုပ်ရေးစီမံကိန်း၊ ရေဖြန့်ဖြူးရေးပိုက်လိုင်းတွေ တည်ဆောက်ခြင်း စတဲ့ အနာဂါတ်မှာ ကိုက်ညီမယ့် ခေတ်မှီရေဖြန့်ဖြူးရေးကွန်ရက်တစ်ခုကို တည်ဆောက်ဖို့ ကျွန်တော်တို့ ရေးဆွဲနေတာရှိပါတယ်" ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက မြေအောက် ရေအဓိကထားသုံးစွဲနေရသည့် မြို့နယ်များတွင်  မြေအောက်ရေလွှာ ပျက်စီးမှုဒဏ်ကို ခံရနိုင်သည့်အတွက် မြို့ပြရေပေးဝေမှု စနစ်ကို တိုးချဲ့လုပ်ကိုင်ရန် အစီအစဉ်ရှိမရှိ ကြယ်ပွင့်ပြမေးခွန်းအဖြစ် တိုင်းဒသကြီး လွှတ်တော်တွင် မေးမြန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင် မောင်စိုးက လာရောက်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့နေ ပြည်သူအားလုံး၏ ၆၀ ရာခိုင်နှုန်းခန့်ကိုသာ နေ့စဉ် ရေဂါလံ(၂၀၅)သန်းခန့် ဖြန့်ဝေပေးလျှက်ရှိကြောင်း ၎င်းကဆိုသည်။

လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခိုင်မာဌေးကမေးမြန်းရာတွင် ရန်ကုန်တိုင်းတစ်တိုင်းလုံး၏ ရေပေး ေ၀ ရေးစနစ်မှာ ၆၂.၄ ရာခိုင်နှုန်းသာ ပေးနိုင်သည့်အတွက် အချို့မြို့နယ်များမှ မြေအောက်အဝီစိတွင်းရေကို ထုတ်ယူသုံးစွဲနေရကြောင်း အချို့အဝီစီရေများမှာ သုံးစွဲ၍မရနိုင်အောင် အခြေနေဆိုးရွားနေကြောင်း တင်ပြ ဆွေးနွေးခဲ့သည်။

"လူဦးရေထူထပ်လာခြင်း၊ အထပ်မြင့်အဆောကက်အဦးများဆောက်လုပ်လာခြင်း၊မြေအောက်ရေကို ပိုမို ထုတ်ယူသုံးစွဲလာရခြင်း၊ ရာသီဥတုပြောင်းလည်းမှုဒဏ် ခံစားလာရခြင်းတို့ကြောင့် များမကြာမှီမှာ မြေ အောက်ရေ လွှာများ ဆုံးရှုံးမှုဒါဏ်ကို ကြုံလာရနိုင်ပါတယ်။ မြေအောက်ရေထုတ်ယူမှု လျော့ချနိုင်ရေး စီမံမှုအနေနဲ့  အိမ်တိုင်ရာရောက် ရေကောင်းရေသန့်များ ဖြန့်ဝေနိုင်ဖို့ အလွန်လိုအပ်လျှက်ရှိပါတယ်" ဟု ဒေါ်ခိုင်မာဌေးက မေးခွန်းမေးမြန်းစဉ်ထည့်သွင်း ပြောကြားသွားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နိုင်ငံတကာ၏ အကူအညီများရယူကာ ရေပေးဝေရေစီမံကိန်းများ တိုးချဲ့ လုပ်ဆောင်နိုင်ရန်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀- ၂၀၁၁ ဘဏ္ဍာနှစ်တွင် အိမ်တိုင်ရာရောက် ရေပေးဝေမှုပေါင်း (၂၃၇၅၃၇)ခုရှိခဲ့ရာမှ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင်( ၃၁၀၈၆၂)အထိ တိုးမြှင့် ပေးဝေနိုင်ခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly