ပြစ်မှုကျူးလွန်သူများအား သတ်နိုင်သည့် ရဲများကို ဆုကြေးငွေပေးမည်ဟု ဖိလစ်ပိုင် မြို့တော်ဝန် ပြော

ပြစ်မှုကျူးလွန်သူများအား သတ်နိုင်သည့် ရဲများကို ဆုကြေးငွေပေးမည်ဟု ဖိလစ်ပိုင် မြို့တော်ဝန် ပြော

မေ၂၀ ။             ။ ဖိလစ်ပိုင်နိုင်ငံတွင် ရဲများအနေဖြင့် ပြစ်မှုကျူးလွန်သူတစ်ဦးကို သတ်နိုင်တိုင်း ဖိလစ်ပိုင် ပီဆို ၅၀,၀၀၀ (ဒေါ်လာ ၁,၀၆၀) နှင့် ဒဏ်ရာရအောင် လုပ်နိုင်လျင် ပီဆို ၅,၀၀၀ ဆုငွေ ရရှိမည်ဖြစ်ကြောင်း စီဘူးမြို့ မြို့တော်ဝန်က ပြောကြားလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယင်းသို့ ထုတ်ပြန်လိုက်ခြင်းကြောင့် လက်ရှိသမ္မတသစ် ရိုဒရိုဂို ဒူတာတေး၏ လက်ထက်တွင် တရားရုံးသို့ မရောက်ဘဲ တရားခံများ သေဆုံးနိုင်မှုအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လာခဲ့ရပြီဖြစ်သည်။

စီဘူးမြို့ မြို့တော်ဝန်ဖြစ်လာသည့် တိုမက်စ် အိုစမန်နာက အထက်ပါကဲ့သို့ ရာဇဝတ်မှုကျူးလွန်သူများကို နှိမ်နင်းရေး အားပေးလှုံ့ဆော်မည့်အစီအစဉ်ကို ထုတ်ဖော်သွားခြင်းဖြစ်သည်။

" လူဆိုးတစ်ယောက် ကို သတ်နိုင်ရင် ပီဆို ၅၀၀,၀၀၀၊ ဒဏ်ရာရသွားအောင်လုပ်နိုင်ရင် ပီဆို ၅,၀၀၀ ပေးမယ်လို့ ရဲတွေကို ပြောထားပါတယ်၊ ဒါပေမယ့်လည်း တာဝန်ချိန်မှာ မှန်မှန်ကန်ကန်တော့ လုပ်ရမှာပါ၊ အမှားအယွင်းတော့ လုပ်လို့မရပါဘူး၊ ဒီမှာတော့ ရဲတွေကို ကျွန်တော့်ဘက်က ကူညီအားပေးသွားမှာပါ၊ သူတို့ကို တရားမစွဲစေရပါဘူး" ဟု အိုစမန်နာက ပြောသည်။

" ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်၊ ပြစ်မှုကျူးလွန်သူတွေကို အကြောင်းတရားတွေဖြစ်လာစေဖို့ပါ၊ ရတယ်လေ၊ မကြောက်တတ်ရင်လည်း သူတို့လုပ်ကြပေါ့၊ ကိုယ့်အသက်ကို ကိုယ်မနှမြောရင်းလည်း လုပ်လို့ရပါတယ်၊ ကျွန်တော်တို့ကတော့ သူတို့ကို သတ်နိုင်တဲ့ ရဲတွေကို ဆုတောင်ပေးဦးမှာပါ" ဟု ၎င်းက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly