အနှစ်သာရ ပါသော ပြဇာတ်များကို ကြည့်ရှု့လိုဟု စစ်ကိုင်းတိုင်း လူမှုရေး ဝန်ကြီးပြော

အနှစ်သာရ ပါသော ပြဇာတ်များကို ကြည့်ရှု့လိုဟု စစ်ကိုင်းတိုင်း လူမှုရေး ဝန်ကြီးပြော

မုံရွာ၊ မေ ၁၉ ။               ။ သဘင်ပညာရှင်များဖော်ကြူးထားသည့် အနှစ်သာရပါသော ပြဇာတ်များကို ကြည့်ရှု့လိုကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။

မုံရွာမြို့၊ မြို့တော်ခမ်းမတွင် မေ ၁၉ ရက်က ပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး သဘင်ပညာရှင်များ အစည်းအရုံး အလုပ်မှုဆောင်အသစ်ရွေးချယ် တင်မြောက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"တကယ်အနှစ်သာရကို အတုံးလိုက်၊ အတစ်လိုက် ဖော်ပြထားတဲ့ ပြဇာတ်တွေကို ပြန်လည်ကြည့်ရှု့လိုပါတယ်။ဇာတ်သဘင်လောက တစ်ခေတ်ဆန်း လာစေချင်ပါတယ်။" ဟု စစ်ကိုင်းတိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောကြားခဲ့သည်။

ထို့ပြင် ယနေ့ ရွေးချယ်တင်မြောက်ကြမည့် သဘင်ပညာရှင်များအလုပ်မှုဆောင် အသစ်မှလည်း သဘင်ပညာတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဇာတ်သဘင်လောကကို တစ်ခေတ်ဆန်းစေရန် ကြိုးစားပေးသင့်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး သဘင်ပညာရှင်များအစည်းအရုံး အလုပ်မှုဆောင်အသစ်ရွေးချယ်တင်မြောက်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တက်ရောက်လာသော ကိုယ်စားလှယ်နှစ်ဦးစီက ဆန္ဒမဲပေး ရွေးချယ်ကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly