သီရိလင်္ကာမြေပြိုမှု၌ ပျောက်ဆုံးနေသူ ၁၀၀ ကျော်အတွက် အသက်ဘေးစိုးရိမ်ရ၊ သေဆုံးသူပေါင်း ၄၀ ကျော်ရှိ

သီရိလင်္ကာမြေပြိုမှု၌ ပျောက်ဆုံးနေသူ ၁၀၀ ကျော်အတွက် အသက်ဘေးစိုးရိမ်ရ၊ သေဆုံးသူပေါင်း ၄၀ ကျော်ရှိ

ကိုလံဘို၊ မေ ၁၉ ။             ။ သီရိလင်္ကာနိုင်ငံတွင် မြေပြိုမှုတစ်ရပ်အတွင်း ပျောက်ဆုံးနေသူများအား ရှာဖွေမှုများ ပြုလုပ်နေသော်လည်း အသက်ရှင်လျက်ကျန်ရစ်နိုင်သူ ရှိနိုင်တော့မည်မဟုတ်ကြောင်း စိုးရိမ်နေရလျက်ရှိသည်။

အဆိုးဝါးဆုံးမြေပြိုမှုဖြစ်ခဲ့သည့် ကီဂါလီခရိုင်တွင် လူပေါင်း ၁၅၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ပျောက်ဆုံးလျက်ရှိဆဲ ၁၃၄ ဦးအတွက် စိုးရိမ်စရာဖြစ်နေရသည်။

ေမေ ၁၈ ရက်က ရုပ်အလောင်းပေါင်း ၁၄ လောင်းအား ရှာဖွေဖော်ထုတ်နိုင်ပြီးနောက်ပိုင်း အသက်ရှင်လျက်သော်လည်းကောင်း၊ သေဆုံးလျက်သော်လည်းကောင်း နောက်ထပ်လူတစ်ဦးတစ်ယောက်မျှ ရှာဖွေတွေ့ရှိသေးခြင်းမရှိပေ။

ကီဂါလီခရိုင်အတွင်း၌ပင် အခြားမြေပြိုမှုဖြစ်ရာနေရာမှလည်း ရုပ်အလောင်းငါးလောင်းကို တူးဖော်တွေ့ရသည်။

နိုင်ငံနေရာတော်တော်များများတွင် မိုးသည်းထန်စွာရက်ဆက်ရွာသွန်းခြင်းကြောင့် မြေပြိုမှုနှင့် ရေကြီးမှုများဖြစ်ပွားရာ သေဆုံးသူစုစုပေါင်းက ၄၃ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း အစိုးရစာရင်းဇယားများတွင် ဖော်ပြသည်။ နေရပ်ပေါင်းရွှေ့ကြသည့် ပြည်သူပေါင်းမှာလည်း ၃၅၀၀၀၀ နီးပါးရှိနေသည်။

အဆိုးဆုံးဘေးကြုံရာနေရာတစ်နေရာဖြစ်သည့် အာရန်နာယတ်ခရိုင်တွင် တောင်ပြိုကျမှုကြောင့် ကျေးရွသုံးရွာ မြေမြုပ်သွားခဲ့သည်။

ရာသီဥတုဆိုးဝါးသဖြင့် စစ်တပ်၏ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အဟန့်အတန့်များ ကြုံနေရသည်။

"ပျောက်ဆုံးနေတဲ့ လူ ၁၃၄ ဦးအတွက် အသက်ဘေးစိုးရိမ်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေပြီး တူးဖော်တွေ့ရတဲ့ ရုပ်အလောင်းတွေကိုလည်း မိသားစုတွေဆီ အချို့နေရာတွေမှာ ပြန်ပို့ပေးနေတာတွေလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။"ဟု ကယ်ဆယ်ရေးအဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ဆူဒန်သာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly