စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း မြန်မာနိုင်ငံလာရောက်မည်

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း မြန်မာနိုင်ငံလာရောက်မည်

မြန်မာ-စင်ကာပူ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အခမ်းအနားတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလက်ရစ်ရှာနန်က ဇွန်လအတွင်း စင်ကာပူ-မြန်မာသက်မွေးမှုလေ့ကျင့်ရေး သင်တန်းကျောင်း ဖွင့်လှစ်ချိန် မြန်မာနိုင်ငံသို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းလာရောက်မည်ဖြစ်ကြောင်း ကြေညာပြောကြားသည်။

ရန်ကုန်တွင် ဖွင့်လှစ်မည့် ယင်းသက်မွေးမှုလေ့ကျင့်ရေးသင်တန်းကျောင်းသည် မြန်မာလူငယ်များ လက်တွေ့လုပ်ငန်းခွင်နှင့် အလုပ်လုပ်ကိုင်မှု ကျွမ်းကျင်အောင် ဖြည့်ဆည်းပေးမည်ဖြစ်သည်။

အဆိုပါ သင်တန်းကျောင်းမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးသောစီးပွားရေးနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ၌ လိုအပ်မည့် ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ စီမံခန့်ခွဲမှု၊ အင်ဂျင်နီယာဝန်ဆောင်မှုများအတွက် အလယ်အလတ်ကျွမ်းကျင်လုပ်သား နှစ်စဉ် ၈၀၀ နီးပါးကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။

အစိုးရအရာရှိများအပါအဝင် တက်ရောက်လာသည့် ဧည့်သည်တော် ၁၆၀ ခန့်ကို ညစာစားပွဲ၌ မိန့်ခွန်းပြောကြားရာတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်က စင်ကာပူနှင့် မြန်မာနှစ်နိုင်ငံသည် အမျိုးမျိုးသောအဆင့်ကဏ္ဍများတွင် ဖလှယ်ဆက်ဆံမှုရှိနေကြောင်း ပြောသည်။ စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယနိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကာ ယခုနှစ် မတ်လအထိ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံရင်းနှီးမြုပ်နှံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly