ယူရိုပြိုင်ပွဲဝင်မည့် စပိန်ကစားသမားစာရင်းတွင် နာမည်ကြီးအများအပြား ချန်လှပ်ခံရ

ယူရိုပြိုင်ပွဲဝင်မည့် စပိန်ကစားသမားစာရင်းတွင် နာမည်ကြီးအများအပြား ချန်လှပ်ခံရ

မေ ၁၈၊ စပိန် ။              ။ ယူရိုပြိုင်ပွဲဝင်မည့် လက်ရှိချန်ပီယံ စပိန်အသင်း၏ ပဏာမကစားသမား ၂၅ ဦးစာရင်းကို နည်းပြ ဒဲလ်ဘော့စကေးက ထုတ်ပြန်ကြေညာခဲ့ရာတွင် နာမည်ကြီးကစားသမားအများစု ကျန်ရစ်ခဲ့သည်။

စပိန်အသင်း၏ အဓိကတိုက်စစ်မှူးများဖြစ်သော ဒီယေဂိုကော်စတာနှင့် ဖာနန်ဒိုတောရက်စ်တို့ ရွေးချယ်ခြင်း မခံရသလို မာတာ၊ ကာဇိုလာ၊ နာဗက်စ်၊ ဘယ်လာရင်၊ ဂျာဗီမာတီနက်ဇ်နှင့် ဂါဘီတို့လည်း ကျန်ရစ်ခဲ့ကြသည်။

ပရီးမီးယားလ်ဂ်မှ မန်ယူဂိုးသမား ဒီဂီယာ၊ မန်စီးတီးကွင်းလယ်လူ ဆေးလ်ဗားနှင့် ချယ်လ်ဆီးမှ နောက်ခံလူ အက်စ်ပီလီကျူတာ၊ ကွင်းလယ်လူ ဖာဘရီဂက်စ်၊ တောင်ပံတိုက်စစ်ကစားသမား ပက်ဒရိုတို့ ရွေးချယ်ခံခဲ့ရပြီး စီးရီးအေမှ ဂျူဗင်တပ်စ်တိုက်စစ်မှူး မိုရာတာ၊ ဘိုင်ယန်မှ အယ်လ်ကန်တာရာတို့ ရွေးချယ်ခံခဲ့ရသည်။ ကျန်ကစားသမားများအားလုံးမှာ လာလီဂါ အခြေစိုက် ကစားသမားများ ဖြစ်သည်။

စပိန်အသင်း၏ ကစားသမားစာရင်းတွင် ဂိုးသမား ကာဆီးလက်စ်၊ ရာမို့စ်၊ ပီကေး၊ ဘက်စ်ကွက်စ်၊ အင်နီယေစတာ၊ ဂျော်ဒီအယ်လ်ဘာ၊ ဆေးလ်ဗား၊ ဖာဘရီဂက်စ်၊ ပက်ဒရိုစသည့် အမာခံကစားသမားဟောင်းများပါဝင်ခဲ့သလို ဆန်ဟိုဆေး၊ ကိုကီ၊ ဆောနီဂက်စ်၊ ဆိုရီယာနို၊ အဒူရစ်ဇ်၊ နိုလီတို၊ လူးကပ်စ်ဘက်စ်ကွက်ဇ်တို့ကဲ့သို့ လူငယ်ခြေတက်နှင့် မျက်နှာသစ်ကစားသမားများ ပါဝင်ခဲ့သည်။

စပိန်အသင်းမှာ အုပ်စု(ဒီ)တွင် ချက်၊ တူရကီ၊ ခရိုအေးရှားတို့နှင့် အတူ ကျရောက်နေသည်။

စပိန်အသင်း၏ ကစားသမား ၂၅ ဦးစာရင်း

ဂိုး - ကာဆီးလက်စ်(ပေါ်တို)၊ ဒီဂီယာ(မန်ယူ)၊ ရီကို(ဆီဗီလာ)

နောက် - ဂျော်ဒီအယ်လ်ဘာ၊ ပီကေး၊ ဘာထရာ(ဘာစီလိုနာ)၊ ရာမို့စ်၊ ကာဗာဂျယ်(ရီးယဲလ်)၊ အက်စ်ပီလီကျူတာ(ချယ်လ်ဆီး)၊ ဂျူအန်ဖရန်(အက်သလက်)

လယ် - ဘက်စ်ကွက်စ်၊ အင်နီယေစတာ(ဘာစီလိုနာ)၊ ဆေးလ်ဗား(မန်စီးတီး)၊ ဆန်ဟိုဆေး(ဘီလ်ဘာအို)၊ ဆောနီဂက်ဇ်(အက်သလက်)၊ ကိုကီ(အက်သလက်)၊ ဖာဘရီဂက်စ်(ချယ်လ်ဆီး)၊ အယ်လ်ကန်တာရာ(ဘိုင်ယန်မြူးနစ်)၊ အစ္စကို(ရီးယဲလ်)၊ ဆိုရီယာနို(ဗီလာရီးယဲလ်)

ရှေ့ - ပက်ဒရို(ချယ်လ်ဆီး)၊ မိုရာတာ(ဂျူဗင်တပ်စ်)၊ အဒူရစ်ဇ်(ဘီလ်ဘာအို)၊ နိုလီတို(ဆယ်တာဗီဂို)၊ လူးကပ်စ်ဗက်ဇ်ကွက်ဇ်(ရီးယဲလ်)

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly