အီရတ်မြို့တော်တွင် ဗုံးလေးကြိမ်ပေါက်ကွဲကာ လူ ရ၀ နီးပါးသေဆုံး

အီရတ်မြို့တော်တွင် ဗုံးလေးကြိမ်ပေါက်ကွဲကာ လူ ရ၀ နီးပါးသေဆုံး

ဘဂ္ဂဒက်၊ မေ ၁၈ ။           ။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ဗုံးလေးကြိမ်ပေါက်ကွဲမှုကြောင့် သေဆုံးသူပေါင်း ၆၉ ဦးရှိကြောင်း ကျန်းမာရေးဌာနက ပြောသည်။

ဗုံးဖောက်ခွဲမှုများတွင် ဗုံးသုံးလုံးမှာ ရှီယိုက်မွတ်စလင်အများစုနေထိုင်ရာအရပ်ကို ပစ်မှတ်ထားပြီး ကျန်တစ်လုံးက ရှီယိုက်နှင့် ဆွန်နီ ရောနှောရှိနေရာအရပ်တွင် ပေါက်ကွဲခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုများတွင် နှစ်ခုကို ကျုးလွန်ကြောင်း အိုင်အက်စ်အဖွဲ့က ကြေညာထားသည်။

ဆွန်နီဂျီဟတ်အဖွဲ့ဖြစ်သည့် အိုင်အက်စ်တို့သည် အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့က နယ်မြေများစွာကို ထိန်းချုပ်ထားပြီး ရှီယိုက်များကို ဘာသာသွေဖည်သူများအဖြစ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ရှိနေသည်။

မေ ၁၇ ရက်တွင် ဖြစ်ပွားသည့် လေးကြိမ်ဗုံးပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူများမှာ ၁၀၀ ကျော်ထက်မနည်းရှိကြောင်း ဆေးအဖွဲ့က ပြောသည်။ ပေါက်ကွဲမှုများက ဈေးသုံးဈေးနှင့် စားသောက်ဆိုင်တစ်ဆိုင်တို့တွင် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။

နယ်မြေစစ်ဆေးရေးက လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထားကြောင်း ဝန်ကြီးချုပ် ဟိုင်ဒါက ပြောသော်လည်း အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။

အီရတ်တပ်ဖွဲ့ဝင်များက အမေရိကန်ဦးဆောင်သည့် ညွန်ပေါင်းတပ်များ ကျောထောက်နောက်ခံဖြင့် အန်ဘာပြည်နယ် အိုင်အက်စ်ထိန်းချုပ်ရာ ရတ်ဘာမြို့ကို ပြန်လည်ဝင်ရောက်စီးနင်းကြောင်း တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly