မြောက်ကိုရီးယားက နိုင်ငံခြားရေးဝန်ကြီးသစ် ခန့်အပ်

မြောက်ကိုရီးယားက နိုင်ငံခြားရေးဝန်ကြီးသစ် ခန့်အပ်

ပြုံယမ်း၊ မေ ၁၇ ။             ။ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစေ့စပ်ညှိနှိုင်းရေးခေါင်းဆောင်နှင့် ယခင်ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရီယောင်ဟိုအား   နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ဗြိတိန်သို့ ပေးပို့သည့် သံတမန်စာတွင် ဖော်ပြသည်။

ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ရာထူးတိုးမြှင့်ခံရသည့် ရီယောင်ဟိုသည် ကျွမ်းကျင်ပါးနပ်သည့် သံတမန်တစ်ဦးလည်းဖြစ်သည်။

မြောက်ကိုရီးယားအရေး အင်အားကြီးခြောက်နိုင်ငံ၏ ရေရှည်ဆွေးနွေးပွဲများတွင် ကိုယ်စားလှယ်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သလို ၁၉၉၀ ခုနှစ်များအတွင်း အမေရိကန်နှင့် ဆွေးနွေးပွဲများတွင်လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းနှင့် ပတ်သက်ပြီး အင်အားကြီးခြောက်နိုင်ငံဆွေးနွေးပွဲများက ၂၀၀၈ ခုနှစ်မှစတင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဗြိတိန်သို့ ပေးပို့သည့် သံတမန်စာတွင် ယခင်နိုင်ငံခြားရေးဝန်ကြီး ရီဆူယောင်အကြောင်း ဖော်ပြထားခြင်းမရှိသော်လည်း ၎င်းလည်း ရာထူးတိုး တာဝန်ခန့်အပ်ဖွယ်ရှိကြောင်း ယူဆရသည်။

ယခုရာထူးတာဝန်လွှဲပြောင်းခန့်အပ်မှုက မြောက်ကိုရီးယားနိုင်ငံအနေဖြင့် လေးကြိမ်မြောက်နျူကလီးယားစမ်းသပ်ခြင်း၊ ဂြိုဟ်တုပစ်လွှတ်ခြင်းနှင့် ဒုံးကျည်စမ်းသပ်ဖောက်ခွဲခြင်းများအပြီး သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ရေးအတွက် ကြိုးစားလာခြင်းဖြစ်သည်ဟု အကဲဖြတ်တစ်ချို့က ခန့်မှန်းကြသည်။

မြောက်ကိုရီးယား၏ ယင်းသို့ နျူကလီးယားစမ်းသပ်ခြင်းကဲ့သို့သော လုပ်ဆောင်ချက်များကြောင့် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ထပ်မံချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly