ဂျာမနီနိုင်ငံတွင် ပညာသင်ကြားရေးဆိုင်ရာ အချက်အလက်များကို ဝေမျှပေးမည့် Info Day: Study In Germany

ဂျာမနီနိုင်ငံတွင် ပညာသင်ကြားရေးဆိုင်ရာ အချက်အလက်များကို ဝေမျှပေးမည့် Info Day: Study In Germany

ရန်ကုန်၊ မေ ၁၇ ။            ။ ဂျာမနီနိုင်ငံတွင် ပညာသင်ကြားရေးအတွက် အချက်အလက်များကို ဝေမျှပေးမည့် Info Day: Study In Germany ကို မေ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားကို မေ ၂၁ရက် နံနက် ၉ နာရီမှ ညနေ ၅နာရီအထိ ပြည်လမ်းပေါ်ရှိ ပြင်သစ် ယဉ်ကျေးမှုဌာနဝင်းထဲရှိ Goethe-Institut တွင် ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများမှ မိန့်ခွန်းများ ပြောကြားခြင်း ပညာတော်သင်မှုဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေခြင်း၊ ပညာတော်သင် ကျောင်းသား   ကျောင်းသူဟောင်းများ၏ စကားဝိုင်း မိနစ် ၃၀ကြာ ဂျာမန်စာသင်တန်းတိုလေးများ ဂျာမနီသံရုံးမှ ဗီဇာဆိုင်ရာ အချက်အလက်များ ပြောကြားခြင်း ရုပ်ရှင်တိုများ ပြသခြင်း ဂျာမန်အစား အစာများကို အခမဲ့ တည်ခင်းဧည့်ခံခြင်း ပျော်စရာ ကစားနည်းများနှင့် selfie corner တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံ အစိုးရ တက္ကသိုလ်တွင် တက်ရောက်ရန် နိုင်ငံခြားကျောင်းသား ၃၀၀၊ ၄၀၀ ခန့် မျှော်မှန်းထားကြောင်း ပရောဂျက်မန်နေဂျာ ဖေထရာခူးလ် က ပြောသည်။

ဂျာမနီနိုင်ငံတွင် နိုင်ငံခြားကျောင်းသားများအတွက် အစိုးရတက္ကသိုလ်များတွင် တက်ရောက်ပါက ကျောင်း လခပေးရန်ဘဲ နေ/စား စရိတ်သာ လိုအပ်ပြီး အလုပ်အကိုင်အခွင့်အလမ်း လွယ်ကူကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly