အီရတ်နိုင်ငံတွင် ဗုံး နှစ်လုံးပေါက်ကွဲမှုကြောင့် ၂၃ ဦးသေဆုံးပြီး လူပေါင်း ငါးဆယ်ကျော် ထိခိုက်ဒဏ်ရာရ

အီရတ်နိုင်ငံတွင် ဗုံး နှစ်လုံးပေါက်ကွဲမှုကြောင့် ၂၃ ဦးသေဆုံးပြီး လူပေါင်း ငါးဆယ်ကျော် ထိခိုက်ဒဏ်ရာရ

မေ ၁၇ ။              ။ အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ မကြာခဏဆိုသလို ဖြစ်ပေါ်နေသည့် အီရတ်နိုင်ငံ၏ ဘဂ္ဂဒက်မြို့တွင် မေလ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီး အနည်းဆုံး ၂၃ သေဆုံးကာ လူ ငါးဆယ်နီးပါး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ရဲများနှင့် ဆေးဘက်ဝန်ထမ်းများက ပြောကြားသည်။

နိုင်ငံမြောက်ပိုင်း al-Shaab ဒေသရှိ ဈေးတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ၁၇ ဦး သေဆုံးကာ ၂၈ ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။ အလားတူ နိုင်ငံတောင်ပိုင်း al-Rasheed ဒေသတွင်လည်း ကားဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ခြောက်ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

ယခု တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့သည်ဟု မည်သည့်အဖွဲ့အစည်းကမျှ လက်တစ်လော ထုတ်ပြန်ခဲ့ခြင်းမရှိသေးသော်လည်း အစ္စလမ္မစ် အိုင်အက်စ် တပ်ဖွဲ့က မြို့တော် တွင် မကြာခဏဆိုသလို ဗုံးခွဲတိုက်ခိုက်မှုများလုပ်ဆောင်ထားခဲ့သည်။ ၎င်းအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့်သီတင်းပတ်တစ်ပတ်အတွင်းပင် လူ ၁၀၀ နီးပါး သေဆုံးသွားခဲ့ပြီးနောက် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုပိုင်း အားနည်းမှုက ပြည်သူလူထုအတွက် အမျက်ထွက်စရာဖြစ်နေခဲ့ရသည်။

ယခု ဖြစ်စဉ်နှစ်ခုအနက် al-Shaab ဒေသ ဈေးအတွင်း အသေးခံဗုံးခွဲတိုက်ခိုက်မှုတွင် တိုက်ခိုက်သူမှာ ဗုံးတစ်လုံးကို ကြိုတင်ထောင်ထားခဲ့သည့်အပြင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ခန္ဒာကိုယ်တွင် ပတ်ထားခဲ့ပြီး ဖောက်ခွဲသွားခဲ့ခြင်းဖြစ်ကြောင်း ဘဂ္ဂဒက် စစ်ဆင်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly