အိန္ဒိယတောင်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ် ရောက်ရှိနေပြီ

အိန္ဒိယတောင်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ် ရောက်ရှိနေပြီ

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး အိန္ဒိယနိုင်ငံတောင်ပိုင်းသို့ မေလ ၁၇ရက် နံနက်တွင် မုန်တိုင်းငယ်အဖြစ် ရောက်ရှိနေပြီဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ယင်းမုန်တိုင်းငယ်သည် ၄၈နာရီအတွင်း အိန္ဒိယအရှေ့ဖက်ကမ်းတစ်လျှောက် မုန်တိုင်းအဖြစ် မြောက်အရှေ့ ယွန်းယွန်းသို့ ဦးတည်ရွှေ့လျားနိုင်ပြီး ထိုအချိန်အတွင်း ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသများတွင် ရွှေ့လျားမှုဟာ အကြီးနိုင်ကြောင်း ဦးထွန်းလွင်က ခန့်မှန်းထားသည်။ 

ယင်းအပြင် မုတ်သုံလေဝင်နိုင်သည့် ကမ်းရိုးတန်းအားလုံးတွင် လေ၊ လှိုင်းပါမက မိုးပါ ပြင်းထန်လာနိုင်ကြောင်း ၎င်းက ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly