ဖမ်းဆီးထားသည့် ဓါးစာခံတစ်ဦးကို ထပ်မံ သတ်ဖြတ်ပစ်မည်ဟု ဖိလစ်ပိုင် အဘူ ဆေရက်ဖ် စစ်သွေးကြွများ ခြိမ်းခြောက်ပြန်

ဖမ်းဆီးထားသည့် ဓါးစာခံတစ်ဦးကို ထပ်မံ သတ်ဖြတ်ပစ်မည်ဟု ဖိလစ်ပိုင် အဘူ ဆေရက်ဖ် စစ်သွေးကြွများ ခြိမ်းခြောက်ပြန်

မေ ၁၆ ။                 ။ ပြီးခဲ့သည့်လအတွင်းက ဖမ်းဆီးထားသည့် ကနေဒါနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ပစ်ခဲ့သော ဖိလစ်ပိုင် အဘူ ဆေရက်ဖ် အစ္စလမ္မစ် စစ်သွေးကြွများသည် ယခုတစ်ကြိမ်တွင်လည်း နောက်ထပ် အနောက်တိုင်းသားဓါးစာခံတစ်ဦးကို သတ်ဖြတ်တော့မည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

သီတင်းပတ်လေးပတ်အတွင်း နောက်ထပ် ဓါးစားခံတစ်ဦးကို ဒေါ်လာသန်းချီသည့် ငွေပမာဏတစ်ရပ်ဖြင့် လာရောက်ရွေးယူရန် နှင့် မရွေးပါက ကျိန်းသေပေါက် သတ်ဖြတ်ပစ်မည်ဟု ဖိလစ်ပိုင်အခြေစိုက် စစ်သွေးကြွများက ယခုတစ်ဖန် အကျပ်ကိုင်လာခဲ့ခြင်းဖြစ်သည်။

ယင်း အဘူဆေရက်ဖ် အဖွဲ့သည် လက်ရှိအချိန်တွင် မလေးရှားနိုင်ငံသား လေးဦး၊ ဒက်ချ် နိုင်ငံသားတစ်ဦး နှင့် ဖိလစ်ပိုင် လေးဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ယူဆရသည်။ ယင်း စစ်သွေးကြွများသည် အဆိုပါ ပြည်ပနိုင်ငံသားများကို ပြန်ပေးဆွဲကာ သက်ဆိုင်ရာ အာဏာပိုင်များထံမှ ပြန်ပေးငွေများ တောင်းဆိုနေခဲ့ခြင်းဖြစ်သည်။

၎င်း တို့သည် ယခင်တစ်ကြိမ်ကလည်း တောင်းဆိုခဲ့သည့် ပြန်ပေးငွေ သတ်မှတ်ချိန်အတွင်း မရခဲ့၍ ကနေဒါ နိုင်ငံသား ဂျွန် ရစ်စဒယ် ဆိုသူကို သတ်ဖြတ်ပစ်ခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း အခြား ဓါးစာခံတစ်ဦးအတွက် ဒေါ်လာ ၁၂ ဒသမ ၈ သန်း တောင်းဆိုထားသည်ဟု သိရသည်။

ဖိလစ်ပိုင် တောင်ပိုင်း ကျွန်းစုများပေါ်တွင် လှုပ်ရှားနေသော အဆိုပါ အဘူဆေရက်ဖ် စစ်သွေးကြွများသည် နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော အကြမ်းဖက် တိုက်ခိုက်မှုများ ကျူးလွန်ထား သည့်အဖွဲ့လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly