လက်စတာအသင်းထက် ပရီးမီးယားလိဂ်ဆုကြေး အာဆင်နယ်ပိုရ

လက်စတာအသင်းထက် ပရီးမီးယားလိဂ်ဆုကြေး အာဆင်နယ်ပိုရ

မေ ၁၆၊ လန်ဒန် ။              ။ လက်စတာအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်သွားသော်လည်း အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ဆုကြေးပိုမိုရရှိမည်ဖြစ်သည်။

ယခုနှစ်ရာသီအတွက် ရုပ်သံနှင့်စီးပွားရေးဝင်ငွေများမှ ပေါင် ၁၀၁ သန်းရမည့်အာဆင်နယ်အသင်းသည် ချန်ပီယံလက်စတာအသင်းရမည့် ပေါင် ၉၃ ဒသမ ၃ သန်းထက်ပိုများနေခြင်းဖြစ်သည်။

စပါး၊ မန်စီးတီးနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့သည်လည်း လက်စတာအသင်းထက်ပိုမိုရရှိမည်ဟု ဒေလီးမေးလ်သတင်းစာက တွက်ချက်ဖော်ပြထားသည်။

လက်စတာအသင်းသည် အဆင့် ၁ ရခဲ့၍ ဆုကြေးပေါင် ၂၅ သန်းရမည်ဖြစ်ပြီး ဒုတိယ အာဆင်နယ်က ပေါင် ၂၃ ဒသမ ၇ သန်း၊ တတိယ စပါးက ပေါင် ၂၂ ဒသမ ၅ သန်းရမည်ဖြစ်သည်။

သို့သော် ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်ခံရသည့်ပွဲအရေအတွက် ၂၇ ပွဲရှိခဲ့သည့် အာဆင်နယ်အသင်းသည် ၁၅ ပွဲသာထုတ်လွှင့်ခံရသည့် လက်စတာအသင်းထက် ဝင်ငွေပိုများနေခြင်းဖြစ်သည်။

အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ရုပ်သံလွှင့်ခအမြင့်ဆုံးအဖြစ် ပေါင် ၂၁ ဒသမ ၈ သန်းရရှိပြီး လက်စတာက ၁၂ ဒသမ ၈ သန်းသာ ရရှိသည်။

အသင်းတစ်သင်းလျှင် ရုပ်သံတစ်ပွဲထုတ်လွှင့်ခအတွက် ပေါင် ၇၅၀, ၀၀၀ ရရှိသည့်အပေါ်အခြေခံကာ တွက်ချက်ထားခြင်းဖြစ်သည်။ ရုပ်သံ မှတိုက်ရိုက်လွှင့်သည့်ပွဲအရေအတွက်နည်းလျှင်လည်း အသင်းတိုင်း  နှစ်တိုင်းအနည်းဆုံး ၁၀ ပွဲစာမှစတင်ရရှိမည်ဖြစ်သည်။

ပရီးမီးယားလိဂ်အသင်းအားလုံးမှာ ဆုကြေးငွေ ပေါင် ၅၅ ဒသမ ၅ သန်းစီကိုလည်း ညီတူညီမျှအလိုအလျောက်ရရှိကြဦးမည် ဖြစ်သည်။

သို့သော် လာမည့်နှစ်တွင်တိုးပွားလာမည့် ရုပ်သံဝင်ငွေစာချုပ်အရ အာဆင်နယ်အသင်းမှာ ယခုနှစ်နှင့်အခြေအနေအတိုင်းတူညီနေဦးမည်ဆို ပါက ပေါင် ၁၅၂ ဒသမ ၂ ထိရရှိမည်ဖြစ်သည်။

ယခုနှစ်တွင်တန်းဆင်းသွားခဲ့ရပြီး ဆုကြေးအနည်းဆုံးရရှိသည့် နောရစ်ချ်နှင့် အက်စတွန်ဗီလာပင်လျှင် ပေါင် ၆၆ သန်းကျော်စီရရှိခဲ့ကြသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly