ကိုလံဘီယာတွင် ပြည်တွင်း စံချိန်တင်အများဆုံးအဖြစ် ကိုကင်းရှစ်တန်နီးပါး ဖမ်းဆီးရမိ

ကိုလံဘီယာတွင် ပြည်တွင်း စံချိန်တင်အများဆုံးအဖြစ် ကိုကင်းရှစ်တန်နီးပါး ဖမ်းဆီးရမိ

ဘိုဂိုတာ၊ မေ ၁၆ ။           ။ ကိုလံဘီယာရဲများက နိုင်ငံတွင်း စံချိန်တင်အများပြားဆုံးပမာဏအဖြစ် ကိုကင်းရှစ်တန်နီးပါးကို ဖမ်းဆီးရမိခဲ့သည်။

အနောက်မြောက်ပိုင်း ဆိပ်ကမ်း တာဘိုမြို့အနီးရှိ ငှက်ပျောက်စိုက်ခင်းတွင် ဖုံးကွယ်သိုဝှက်ထားသည့် ကိုကင်းများကို ရှာဖွေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

“တာဘိုမှာ ဖမ်းမိခဲ့တဲ့ ကိုကင်းတွေက ကျွန်တော်တို့နိုင်ငံသမိုင်းမှာ စံချိန်တင်အများပြားဆုံးပဲဖြစ်ပါတယ်။”ဟု သမ္မတဂျုအန်မန်နျူရယ်ဆန်တို့စ်က တွစ်တာတွင် ရေးသားပြီး ရဲဌာနအားလည်း ဂုဏ်ပြုချီးကျုးစကားပြောခဲ့သည်။

ယင်းကိုကင်းဆေးဝါးများမှာ ရာဇဝတ်ဂိုဏ်းဖြစ်သည့် Clan Usaga ၏ ဆေးဝါးများဖြစ်ကြောင်း ရဲဌာနက ပြောသည်။

သံသယရှိသူသုံးဦးကို ဖမ်းဆီးမိပြီး သုံးဦးလွတ်မြောက်နေကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကိုလံဘီယာပိုင်နက်အတွင်း ပင်လယ်တွင်း ဖမ်းမိသည့် ကိုကင်းအမှုက ယခုဖမ်းဆီးမှုပမာဏထက် အနည်းငယ်သာ များပြားကာ ယခုဖမ်းဆီးမှုသည် စံချိန်တင်ဖမ်းဆီးရမိမှုဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ကားလို့စ်ဗီလီဂတ်စ်က ပြောသည်။

ယခုကိုကင်းများပိုင်ဆိုသည့် ရာဇဝတ်ဂိုဏ်းသည် အဖွဲ့ဝင်ဦးရေ ၂၀၀၀ ခန့်ရှိမည်ဖြစ်ကြောင်း ကိုလံဘီယာရဲများက ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်း ယင်းအဖွဲ့ဝင် ၆၇၀၀ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly