ဇူလိုင် ၄ အားလပ်ရက် သီတင်းပတ်ကုန်စတင်ချိန် ချီကာဂိုတွင် ပစ်ခတ်မှုများဖြစ်ပွား ငါးဦးသေဆုံး

ဇူလိုင် ၄ အားလပ်ရက် သီတင်းပတ်ကုန်စတင်ချိန် ချီကာဂိုတွင် ပစ်ခတ်မှုများဖြစ်ပွား ငါးဦးသေဆုံး

ချီကာဂို၊ ဇူလိုင်၄ ။      ။ အမေရိကန်တွင် ဇုလိုင်လ ၄ရက် သီတင်းပတ်ကုန်စတင်ချိန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သည်။ လွန်ခဲ့သည့် ၂၄ နာရီကာလအတွင်း ချီကာဂိုတစ်ဝန်း လူ၁၂ဦးသေနတ်ဖြင့် ပစ်ခတ်ခံရ၍ ငါးဦးသေဆုံးခဲ့သည်။

နောက်ဆုံးပစ်ခတ်မှုမှာ ဘရွန့်ဇ်ဗီးလ်ရှိ ပန်းခြံတစ်ခုတွင် ဇူလိုင် ၃ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး ၁၇ နှစ်အရွယ်နှင့် ၁၉နှစ်အရွယ် တို့ ဒဏ်ရာရခဲ့သည်။ ၁၇ နှစ်အရွယ်မှာစထရိုဂါဆေးရုံသို့ ရောက်ရှိပြီးနောက် သေဆုံးခဲ့သည်။

အကြမ်းဖက်မှုမှာ ဇူလိုင် ၂ ရက်နေ့နံနက်ပိုင်းက စတင်ခဲ့သည်။ ၂၂နှစ်အရွယ်အမျိုးသားတစ်ဦးသည်ဆောက်သ်ဂရင်းဝုဒ်၏ အကွက်အမှတ် ၁၃၂၀၀တွင် ဖြတ်သွားသောယာဉ်တစ်စီးပေါ်မှ ပစ်ခတ်မှုခံခဲ့ရသည်။

၎င်းအားခရစ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးခဲ့သည်။ ထိုနေ့ညပိုင်းတွင် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးလည်း ၎င်း၏စက်ဘီးကို စီးနေစဉ် ဆောက်သ်ကာလော့၏ အကွက်အမှတ် ၂၇၀၀တွင် သတ်ဖြတ်ခံရ သည်။ သေနတ်သမားတစ်ဦးသည် ၎င်းအားအချက်များစွာ ပစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

သေဆုံးမှုရှိသော ပစ်ခတ်မှုနှစ်ခုမှာ ညတွင်းချင်းဖြစ်ပွားခဲ့ပြီး တစ်ခုမှာ Back of the Yards ရပ်ကွက်တွင်ဖြစ်ပွားခဲ့သည်။ သန်းခေါင်ယံနောက်ပိုင်း အသက်၂၆ နှစ်အရွယ်အမျိုးသားသည် ၎င်း၏ ဆင်ဝင်ပေါ်တွင် ထိုင်နေစဉ် အမျိုးသားတစ်ဦးလျှောက် လာပြီး ၎င်းအားအသေပစ်သတ်ခဲ့သည်။

နောက်တစ်နာလောက်အကြာ92nd and Ashland အနီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လမ်းကြားလေး တစ်ခု တွင် လျှောက်လာစဉ် အဖြူရောင်ဗင်ကားတစ်စီးဖြင့် လူတစ်ယောက် ရောက်လာပြီး နှစ်ယောက်စလုံးကို ပစ်ခတ်ခဲ့သည်။

အသက် ၄၆ နှစ်အရွယ် အမျိုးသားမှာ ခေါင်းတွင် သေနတ်မှန်ကာ သေဆုံးသွားပြီး ၄၃နှစ်အရွယ် အမျိုးသမီးမှာ ဆေးရုံ တွင် ပြန်လည်ကောင်းမွန်လာသည်။

လွန်ခဲ့သည့်နှစ်ကလည်း ကြောက်မက်ဖွယ် ဇူလိုင် ၄ သီတင်းပတ်ကုန်တွင် လူ ၈၂ ဦးပစ်ခတ်ခံရပြီး ၁၄ ဦးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly