အီရတ်ဓာတ်ငွေ့စက်ရုံ အိုင်အက်စ်အသေခံဗုံးခွဲသမား ဖောက်ခွဲ၍ လူ ၁၁ ဦးသေဆုံး

အီရတ်ဓာတ်ငွေ့စက်ရုံ အိုင်အက်စ်အသေခံဗုံးခွဲသမား ဖောက်ခွဲ၍ လူ ၁၁ ဦးသေဆုံး

ဘဂ္ဂဒက်၊ မေ ၁၅ ။        ။ အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်အနီးရှိ ဓာတ်ငွေ့စက်ရုံတစ်ခုအား အိုင်အက်စ်အသေခံဗုံးခွဲသမားတစ်ဦး ဗုံးဖောက်ခွဲ၍ လူ ၁၁ ဦးသေဆုံးကြောင်း အီရတ် တာဝန်ရှိသူများက ပြောသည်။

မြို့တော်ဘဂ္ဂဒက်မှ ၁၂ မိုင်အကွာ တာဂျီမြို့ရှိ ယင်းစက်ရုံ အဝင်ပေါက်တွင် မေ ၁၅ ရက် အစောပိုင်းက ကားဗုံးဖောက်ခွဲခြင်းဖြစ်သည်။

ပေါက်ကွဲခါးပတ်များ ဝတ်ဆင်ထားသူခြောက်ဦးကလည်း စက်ရုံတွင်း ဝင်စီးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားကြောင်း တာဝန်ရှိသူများက ပြောသည်။

အီရတ်အနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသအများစုအား သိမ်းပိုက်ထားသည့် အိုင်အက်စ်တို့က မကြာသေးမီကာလများအတွင်း ဘဂ္ဂဒက်တွင် တိုက်ခိုက်မှုများစွာကို ကျုးလွန်လာခဲ့သည်။

ယခုနှစ်အတွင်း အဆိုးဝါးဆုံးတိုက်ခိုက်မှုက ဘဂ္ဂဒက်ရှိ ရှီယိုက်မွတ်စလင်အများစုနေထိုင်ရာနယ်မြေက ဈေးတစ်ဈေးတွင် မေ ၁၁ ရက်က ကားဗုံးများ ဖောက်ခွဲခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုများတွင် လူပေါင်း ၉၃ ဦးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly