နှစ်တိုင်းထိပ်သီးလေးသင်းအဆင့်ဖြင့်သာ အဆုံးသတ်နေရခြင်းကို မပျော်ဟု အာစင်ဝင်းဂါးပြော

နှစ်တိုင်းထိပ်သီးလေးသင်းအဆင့်ဖြင့်သာ အဆုံးသတ်နေရခြင်းကို မပျော်ဟု အာစင်ဝင်းဂါးပြော

မေ ၁၅၊ လန်ဒန်။           ။ အာဆင်နယ်အသင်းသည် နှစ် ၂၀ ဆက်တိုက်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဖြစ်သော်လည်း ပရိသတ်များပြောနေကြသကဲ့သို့ ယင်းအဆင့် ဖြင့်သာကျေနပ်နေခြင်းမှာ မဟုတ်မှန်ကြောင်း အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်နည်းပြသက်တမ်းအတွင်း ယခုနှစ်တွင်ပိုမိုနာကျင်ခံစားရသည်ဟု ဝင်းဂါးက ဆိုသည်။ "ထိပ်သီးလေးသင်းအဆင့်ဝင်ဖို့ ကျွန်တော်လုံးပမ်းခဲ့ရသလောက် ခင်ဗျားလုပ်နိုင်မှာ မဟုတ်ပါဘူး။ လူတိုင်းလိုပဲ ကျွန်တော်လည်းစိတ်ပျက်ရပါတယ်"ဟု ဝင်းဂါးက ပြောသည်။

အမ်းမရိတ်စ်ကွင်းတည်ဆောက်စဉ်က အကြွေးများကိုပေးရန်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ဆုကြေးလိုအပ်ခြင်းကြောင့် ထိပ်သီးလေးသင်း စာရင်းဝင်ရေးမှာ မရှိမဖြစ်အရေးပါသည်ဟုလည်း ၎င်းက ကောက်ချက်ချသည်။

"အကြွေးတွေဆပ်ဖို့ အနည်းဆုံးတော့ ထိပ်သီးလေးသင်းစာရင်းဝင်ဖို့လိုပါတယ်။ လက်ရှိအချိန်မှာတော့ ချန်ပီယံလိဂ်အတွက် တိုက်ပွဲဝင်နိုင်မယ့်နေရာမှာရှိနေပါပြီ" ဟု အာစင်ဝင်းဂါးက ဆိုသည်။

၂၀၀၄ နောက်ပိုင်း ချန်ပီယံဆုအတွက် ယခုနှစ်လောက်အာရုံစူးစိုက်မှုမျိုးကို ဘယ်နှစ်မှလိုက်မမီခဲ့ဟုလည်း ၎င်းကပြောသည်။ "ချန်ပီယံဖြစ်ဖို့ ဒီနှစ်လောက် ဘယ်တုန်းကမှ ပြင်းပြင်းထန်ထန်မကြိုးစားနိုင်ခဲ့ဘူး။ ကျွန်တော့်ကို ယုံပါ။

ကျွန်တော်တို့အားလုံး အရမ်းစိတ်ပျက်ရပါတယ်။ အဲဒီလိုစိတ်ပျက်လက်မှိုင်ချနေရင် စွမ်းဆောင်ရည်ကျသွားပြီး ထိပ်သီးလေးသင်းအပြင်ဘက် ရောက်သွားနိုင်တယ်။

ကျရှုံးမှုကြောင့် နာကျင်ရတယ်။ ဒီနှစ်တော့အဆိုးဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ အနာဂါတ်မှာ ချန်ပီယံလိဂ်ကစားခွင့်အကြိမ် ၂၀ ဆိုတာ ကျွန်တော့်မျက်မှောက်မှာရှိမနေနိုင်တော့လို့ပါပဲ"ဟု အောက်တိုဘာတွင် ၆၇ နှစ်ပြည့်မည့် ဝင်းဂါးကပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly