ဘာစီလိုနာအသင်းချန်ပီယံဆုနှင့် ထိုက်တန်ဟု ရီးယဲလ်နည်းပြဇီဒန်းပြော

ဘာစီလိုနာအသင်းချန်ပီယံဆုနှင့် ထိုက်တန်ဟု ရီးယဲလ်နည်းပြဇီဒန်းပြော

မေ ၁၅၊ မက်ဒရစ်။             ။ အစဉ်အလာပြိုင်ဘက်ကို တစ်မှတ်အသာဖြင့်ရှုံးပေးလိုက်ရပြီးနောက် ဘာစီလိုနာအသင်း လာလီဂါချန်ပီယံဆုနှင့်ထိုက်တန်သည်ဟု ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကပြောသည်။

ဘာစီလိုနာအသင်းသည် ဧပြီလအတွင်းခြေချော်ခဲ့၍ ရီးယဲလ်မက်ဒရစ်ကို ၁၀ မှတ်ဖြတ်ထားရာမှ တစ်မှတ်သာဖြတ်နိုင်တော့သော်လည်း နောက်ဆုံးငါးပွဲဆက်အနိုင်ရခဲ့ရာ ၁၂ ပွဲဆက်အနိုင်ရသည့် ရီးယဲလ်ထက်တစ်မှတ်အသာဖြင့် ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အားလုံးစိတ်ပျက်ရပါတယ်။ ဒါပေမဲ့ ၃၈ ပွဲကစားရတဲ့ပြိုင်ပွဲပြီးနောက် ကျွန်တော်တို့ဘာကိုမှ မပြောင်းလဲနိုင်တော့ပါဘူး။ လာလီဂါဖလားနဲ့ ဘာစီလိုနာထိုက်တန်ပါတယ်"ဟု ရီးယဲလ်မက်ဒရစ်ကို ၂၆ ပွဲကိုင်တွယ်ပြီး ၂၁ ပွဲအနိုင်ရအောင်စွမ်းဆောင်ပေးထားသည့် ဇီဒန်းက ပြောသည်။

ချန်ပီယံဘာစီလိုနာအသင်း၏နည်းပြ အင်းနရစ်ကလည်း ဇီဒန်းကို အဆိုကိုသဘောတူသည်။ "ဆိုးရွားတဲ့ကာလတစ်ခုကနေ ဘယ်လိုပြန်လာ မလဲဆိုတာပြခဲ့တဲ့ အသင်းအတွက် ချန်ပီယံဆုကထိုက်တန်ပါတယ်။ တစ်ရာသီလုံး ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ လိဂ်ကို ရက်သတ္တပတ်အတော်များများဦးဆောင်နိုင်ခဲ့ပြီး အတည်ငြိမ်ဆုံးအသင်းဗိုလ်စွဲခဲ့တာပါ"ဟု အန်းနရစ်က ပြောသည်။

အသင်းခေါင်းဆောင် အင်နီယေစတာသည် လာလီဂါချန်ပီယံဆုကို ရှစ်ကြိမ်ရသွားပြီဖြစ်ပြီး ယင်းမှာ ဘာစီလိုနာအသင်းရရှိသည့် လာလီဂါ ဖလားစုစုပေါင်း၏ သုံးပုံတစ်ပုံရှိသော အရေအတွက်ဖြစ်သည်။

ဘာစီလိုနာအသင်းသည် နောက်ဆုံးရှစ်ရာသီအတွင်း နှစ်နှစ်ဆက်ဖလားရယူနိုင်ခြင်းအပါအဝင် လာလီဂါဖလား ခြောက်လုံးရရှိခြင်းလည်း ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly