ချယ်လ်ဆီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၀ီလျံ ရရှိ

ချယ်လ်ဆီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၀ီလျံ ရရှိ

မေ ၁၄၊ လန်ဒန် ။            ။ ချယ်လ်ဆီးအသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို တောင်ပံကစားသမား ဝီလျံက ဆွတ်ခူးရရှိသွားခဲ့သည်။

ယခုနှစ်ရာသီတွင် ချယ်လ်ဆီးအသင်းမှာ ကစားပုံကျဆင်းပြီး ရလဒ်များဆိုးရွားခဲ့သော်လည်း ဝီလျံမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့သည်။ ဝီလျံသည် ချယ်လ်ဆီးအသင်းအတွက် ၄၆ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူပေးခဲ့သည်။

ဘရာဇီးလက်ရွေးစင်ကစားသမား ဝီလျံသည် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သလို အသင်းဖော်များက ရွေးချယ်ပေးအပ်သည့် အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သည်။ ထိုဆုနှစ်ဆုစလုံးကို မာတာနှင့် ဟက်ဇက်တို့ နှစ်ဦးသာ တစ်ပြိုင်နက်ရရှိခဲ့ဖူးပြီး ဝီလျံမှာ တတိယမြောက် ဖြစ်လာခဲ့သည်။

ယခုနှစ်တွင် ချယ်လ်ဆီးအတွက် ခြေစွမ်းပြနိုင်ခြင်း မရှိသည့် အီဒင်ဟက်ဇက်မှာ စပါးအသင်းနှင့် ၂-၂ ဂိုးဖြင့် သရေကျသည့်ပွဲတွင် သွင်းယူခဲ့သောဂိုးဖြင့် တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆုကို ရရှိသွားခဲ့သည်။

ကွင်းလယ်လူ လော့တပ်ဖ်ချိမှာ အကောင်းဆုံးလူငယ်ကစားသမားဆုကို လည်းကောင်း၊ ကက်တီချက်မန်းမှာ အမျိုးသမီးအကောင်းဆုံးကစားသမားဆုကို လည်းကောင်း၊ တိုမိုရီမှာ အကယ်ဒမီအကောင်းဆုံး ကစားသမားဆုကို လည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly