မင်းဘူးမြို့တွင် သက်ကြီးဘိုးဘွားများ အတွက် အပူရှောင်စခန်းဖွင့်လှစ်

မင်းဘူးမြို့တွင် သက်ကြီးဘိုးဘွားများ အတွက် အပူရှောင်စခန်းဖွင့်လှစ်
"ဓာတ်ပုံ- ဒေါင်းလူ တင်ရွှေ

ပျှမ်းမျှအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်ရှိနေသော ပြင်းထန်သည့် အယ်နီညိုရာသီဥတုကြောင့် သက်ကြီးဘိုးဘွားများ အပူဒါဏ်ကာကွယ်ပေးနိုင်ရေးအတွက် အပူရှောင်စခန်းအား မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် ၃ ရပ်ကွက် နဂါးနီအထူးကု ဆေးရုံဝန်းအတွင်း မေ ၁၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ထားခဲ့ကြောင်း သိရှိရသည်။

ဆေးရုံပိုင်ရှင် ဒေါက်တာသန်းထိုက်ရှိန်မှ အဆောက်အဦးဖိုးမပါ မတည်ငွေ သိန်း(၅၀)ကျပ်ဖြင့် ဘိုးဘွားများအတွက် နေထိုင်စားသောက်စရိတ်လှူဒါန်းထားကြောင်း၊ ယင်းမတည်ငွေများ ပိုနေပါက အဖိုးအဖွားများ မျက်စိခွဲစိပ်ရာတွင် ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်းသိရှိရသည်။

“ကျွန်တော်တို့ အပူရှောင်စခန်းအနေနဲ့ နံနက် ၈း၃၀မှာ အဖိုးအဘွားတွေကို အိမ်တိုင်ရာရောက်လိုက်လံခေါ်ယူပြီး ညနေ ၆နာရီ မှာ အဖိုးအဘွားများကို အိမ်ပြန်ပို့ပေးပါတယ်။နံနက် ၁၁နာရီမှာ နေ့လည်စာ တကြိမ်ကျွေးပြီး နေ့လည် ၃နာရီမှာ အအေး တိုက်ပါတယ်။ လက်ရှိအချိန်အထိကတော့ ရပ်ကွက်ပေါင်းစုံမှ အသက်ကြီးဘိုးဘွားပေါင်း ၄၂ ဦး လာရောက်အပူရှောင်နေပါတယ်၊ မြို့နယ်အတွင်းရှိ ဘိုးဘွားတွေ အားလုံးလာရောက် စေချင်ပါတယ်ဟု နဂါးနီအထူးကု ဆေးရုံပိုင်ရှင် ဒေါက်တာသန်းထိုက်ရှိန်မှ မဇ္ဈိမသို့ ပြောသည်၊

မင်းဘူးမြို့တွင်ဖွင့်လှစ်ထားသောအယ်နီညိုအပူရှောင်စခန်းအား တစ်လ အထိဖွင့်လှစ်သွားမည်ဖြစ်ကာ ရှေ့ဆက် အပူရှိန်များနေပါက ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly