မန်ယူနည်းပြအဖြစ် ဆက်ရှိနေမည်ဟု ဗန်ဟားလ် မျှော်လင့်

မန်ယူနည်းပြအဖြစ် ဆက်ရှိနေမည်ဟု ဗန်ဟားလ် မျှော်လင့်

မေ ၁၄၊ အင်္ဂလန် ။           ။ အနာဂတ်နှင့်ပတ်သက်၍ အသင်းမှ မည်သည့်အာမခံချက်မှ မပေးထားသော်လည်း လာမည့်ရာသီသစ်တွင် မန်ယူနည်းပြအဖြစ် ဆက်ရှိနေရန် လူးဝစ္စဗန်ဟားလ်က မျှော်လင့်လျက်ရှိသည်။

ဗန်ဟားလ်သည် မန်ယူအသင်းနှင့် သုံးနှစ်သက်တမ်းစာချုပ် ချုပ်ဆိုထားပြီး လာမည့်ရာသီမှာ ၎င်းအတွက် နောက်ဆုံးရာသီဖြစ်သည်။

'မန်ယူမှာ ကျွန်တော်ဆက်ရှိသင့်ပါတယ်။ ဒါက ကျွန်တော့်ရဲ့အမြင်ပါ။ ဒီကိစ္စကို အသင်းရဲ့ ဘုတ်အဖွဲ့က ဆုံးဖြတ်ပါလိ့မ်မယ်' ဟု ဗန်ဟားလ်က ပြောသည်။

ဗန်ဟားလ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ဖိအားများ၊ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုနှင့် အစားထိုးခံရမည်ဟု သတင်းများထွက်ခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်သည်။ ဗန်ဟားလ်၏လက်အောက်တွင် မန်ယူအသင်းမှာ ရလဒ်ကောင်းရန် ရုန်းကန်နေရပြီး ယခုနှစ်နောက်ဆုံးပွဲစဉ်တွင် မန်စီးတီးသာ ဆွမ်ဆီးနှင့်ပွဲ၌ ရလဒ်ကောင်းခဲ့ပါက မန်ယူအသင်းမှာ ချန်ပီယံလိဂ်ကို ၂ နှစ်ဆက်လွဲချော်ရဦးမည် ဖြစ်သည်။

ယခုနှစ်တွင် ဗန်ဟားလ်အတွက် ခံသာခဲ့သည်မှာ အက်ဖ်အေဖလားဗိုလ်လုပွဲသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လာမည့် မေလ ၂၁ ရက်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly