ဖိလစ်ပိုင်တွင် လူများစွာသေဆုံးခဲ့ရသည့် ကူးတို့သင်္ဘောနစ်မြုပ်မှုတွင် ပိုင်ရှင်နှင့် အမှုထမ်းများကို လူသတ်မှုဖြင့် တရားစွဲထား

ဖိလစ်ပိုင်တွင် လူများစွာသေဆုံးခဲ့ရသည့် ကူးတို့သင်္ဘောနစ်မြုပ်မှုတွင် ပိုင်ရှင်နှင့် အမှုထမ်းများကို လူသတ်မှုဖြင့် တရားစွဲထား

ဖိလစ်ပိုင်နိုင်ငံတွင် ခရီးသည်တင်ကူးတို့သင်္ဘောနစ်မြုပ်ကာ လူပေါင်း ဒါဇင်ချီနှင့် သေဆုံးခဲ့ရမှုအတွက် ပိုင်ရှင်များနှင့် သင်္ဘော အမှုထမ်းများကို လူသတ်မှုဖြင့် ရဲကအမှုဖွင့်ထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

Kim Nirvana သင်္ဘောသည် ဇူလိုင် ၂ ရက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ယခုတွင် သင်္ဘောပိုင်ရှင်နှင့် အမှုထမ်းများကို အော်မို့မြို့ တွင် သောကြာနေ့နှောင်းပိုင်းက အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာရဲမှူး အရှာဒိုလီနာက ပြောသည်။

ရဲကနဦးစစ်ဆေးချက်များနှင့် အသက်ရှင်သန်ရစ်သူများကို မေးမြန်းမှုအရ သင်္ဘောက ရုတ်တရက် ကွေ့ချိုးလိုက်ခြင်းကြောင့် တိမ်းမှောက်သွားရခြင်းဖြစ်သည်ဟု ဒိုလီနာက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

” သူတို့က မဆင်မခြင်မောင်းနှင်တာပဲဖြစ်တယ်။ ဒါက လူတွေကို သေဆုံးစေတဲ့ လုပ်ဆောင်ချက်ပဲဖြစ်တယ်။”ဟု ၎င်းကပြောခဲ့ သည်။

သင်္ဘောအော်ပရေတာ၊ ကပ္ပတိန်တို့နှင့် အမှုထမ်း ၁၇ ဦး စုစုပေါင်း လူ ၁၉ ဦးကို လူသတ်မှုဖြင့် အမှုဖွင့်ထားခြင်းဖြစ် ပြီး ပြစ်ဒဏ်ပေးပါက ထောင်ဒဏ် နှစ် ၄၀ အထိ ချမှတ်ခံရမည်ဖြစ်သည်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူဦးရေသည် ဇူလိုင် ၄ ရက်တွင် သေဆုံးသူဦးရေပေါင်း ၅၆ ဦးရှိသွားပြီဖြစ်သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly