စျေးဝယ်ရင် အလေးချိန်ပြည့်ရအောင် ဘယ်သူ့ကို ပြောရမှာလဲရှင်

စျေးဝယ်ရင် အလေးချိန်ပြည့်ရအောင် ဘယ်သူ့ကို ပြောရမှာလဲရှင်
ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ကန်းကျွန်းမြို့နယ်မှာနေတဲ့ မအေးသူဇာချစ်က မဇ္ဈိမ စာဖတ်သူကဏ္ဍကို မေးလ်နဲ့ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ ပေးပို့ခဲ့သူဟာ ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးဖြစ်ပြီး သူရေးသားပေးပို့ခဲ့တဲ့ အကြောင်းကရာကတော့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက စည်ပင်ပိုင် ဈေးတွေမှာ ရောင်းချနေတဲ့ ဆိုင်နဲ့ ရောင်းချသူတွေသာမက လမ်းဘေးဈေးသည်တွေ အပါအဝင် ချိန်တွယ်ရောင်းချတဲ့ အလေးတင်းတောင်း တစ်ပြေညီ ဖြစ်စေဖို့ အကြံပြု ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။

စာရေးခဲ့သူဟာ ဝန်ထမ်းတစ်ဦးဖြစ်ရုံမက အိမ်ထောင်ရှင်တစ်ဦးလည်း ဖြစ်တာကြောင့် နေ့စဉ် စားသောက်ဖို့အတွက် နေ့တိုင်းနီးပါး ဈေးဝယ်ရသူတစ်ဦး ဖြစ်ပါတယ်။ နေတာက သင်္ကန်းကျွန်းပေ မယ့် သွားလာရင်း ကြုံတဲ့နေရာမှာ ဈေးဝယ်လေ့ရှိသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ သူငယ်စဉ်က အဖွားဈေးသွားရင် လိုက်သွားနေကျမို့ အခုခေတ်ဈေးဝယ်သလို မဟုတ်တာကို သတိထားမိပါတယ်။ အဓိကကျတာကတော့ အလေးချိန်ခွင်ပါပဲ။ ဈေးဝယ်သူက ဈေးရောင်းသူပြောတဲ့ဈေးနဲ့ ဝယ်ရတာဖြစ် ပြီး သူချိန်ပေးတဲ့ အချိန်အတွယ်အတိုင်း ယူကြရပါတယ်။ သူက ဈေးဝယ်နေကျမို့ ဘယ်ပစ္စည်းဝယ်ရင် ဘယ်လောက်ရနိုင်တယ်ဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်တာမို့ မပြည့်ဘူးလို့ ပြောလိုက်တဲ့အခါ ဈေးသည်ရဲ့ ကြိမ်းမောင်းဆဲတာကို နှစ်ခါ သုံးခါ ခံခဲ့ရဖူးသူမို့ ဒီလိုမျိုးမကြုံချင်တာကြောင့် သူတို့ပေးသ မျှပဲ ယူခဲ့တာ ဈေးစဝယ်ချိန်ကနေ အခုထိပါပဲလို့ ဆိုပါတယ်။

 ဒီလိုမျိုး ကြုံတွေ့ရတာက အပြင်ဘက်တန်းမှာ ရောင်းနေတဲ့ ဈေးသည်တွေ အများအားဖြင့် သားငါးရောင်းချသူတွေပါ။ သူတို့တွေအပြင် ဈေးဆိုင်ခန်းတွေက ဆိုင်အချို့ကလည်း အလေးမပြည့်တဲ့ ဆိုင်အချို့ ရှိပါတယ်။ ဒါတွေကိုလည်း ပြောင်းလဲဖို့ လိုပါတယ်။ နေ့စဉ်နဲ့အမျှ ချက်ပြုတ်စားသောက်ဖို့ အိမ်ထောင်စုတိုင်းက ဈေးဝယ်ကြရတာပါ။ ကိုယ်ပေးတဲ့ ငွေနဲ့ တန်တဲ့ပစ္စည်း မရတာကို နေ့စဉ် ကြုံတွေ့ ခံစားနေကြရတဲ့ ပြည်သူတွေအတွက် အလေးချိန်ပြည့်ပြည့်ဝဝ ရရှိဖို့ အုပ်ချုပ်သူတွေမှာ တာဝန်ရှိတယ်လို့ သူ့အနေနဲ့ ထင်မြင်ယူဆမိပါတယ်လို့ ပြောပါတယ်။

 ဈေးအပြင်တန်းတွေမှာ ဈေးသည်တွေ ဟီးထနေပေမယ့် ဈေးအတွင်းထဲက ဆိုင်ခန်းတွေက တော့ ကွက်လပ်အလွတ်တွေ ဖြစ်နေပါတယ်။ နေရာမရှိလို့ မရောင်းတာထက် ရှိရက်သားနဲ့ မရောင်း ကြတာက မဖြစ်သင့်ပါဘူး။ ဈေးပီပီသသနဲ့ ရောင်းဝယ်ရင် အလေးပြည့်မပြည့် ချိန်တဲ့ သမာဓိချိန်ခွင် ရှိပါမယ်။ တာဝန်ရှိသူတွေက မကြာခဏ စစ်ဆေးပေးနိုင်မယ်ဆိုရင် အလေးချိန်လျော့တဲ့ ပြဿနာ တွေ လျော့နည်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးထဲမျာ ရောင်းကြတာမဟုတ်ဘဲ လမ်းတွေပေါ် မှာ ဖြစ်သလို ရောင်းနေကြတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုအပြင် အဲဒီ အနီးအနားက နေကြတဲ့ ပြည်သူတွေမှာ ကျန်းမာရေး ထိခိုက်ရပါတယ်။ စည်ပင်က ဘယ်လိုပဲ သန့်ရှင်းရေးလုပ်ပေးတယ် ဆိုပါစေ။ သားငါးအနံ့နဲ့ အသီးအရွက်အပုပ်နံ့တွေက အမြဲ စွဲကျန်ရစ်တာကြောင့် ဒီအနံ့တွေကို နေ့စဉ် ရှူရှိုက်နေရတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ဂရုပြုပြီး ရောင်ချမယ့် ဈေးတွေ ဖော်ဆောင်ပေးစေလိုပါ တယ်။ လူတိုင်း၊ အိမ်ထောင်စုတိုင်း၊ မိသားစုတိုင်းဟာ နေ့စဉ် ဈေးနဲ့ မကင်းနိုင်ကြတဲ့အတွက် သန့်ရှင်း သပ်ရပ်တဲ့ ဈေးမှာ ဈေးဝယ်လိုပြီး အလေးချိန်မှန်ကန်စွာ ရောင်းချတဲ့ ဈေးသည်တွေနဲ့ ကြုံတွေ့လိုတဲ့ အတွက် တာဝန်ရှိသူများက အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly