၂၀၁၆ ယူရိုအိမ်ရှင် ပြင်သစ်အသင်း၏ ကစားသမား ၂၃ ဦးစာရင်းကို နည်းပြ ဒက်ချမ့် ကြေညာ

၂၀၁၆ ယူရိုအိမ်ရှင် ပြင်သစ်အသင်း၏ ကစားသမား ၂၃ ဦးစာရင်းကို နည်းပြ ဒက်ချမ့် ကြေညာ

မေ ၁၃၊ ပြင်သစ် ။           ။ ယူရို ၂၀၁၆ ပြိုင်ပွဲအိမ်ရှင် ပြင်သစ်အသင်း၏နည်းပြ ဒက်ချမ့်က ပြိုင်ပွဲဝင်မည့် ကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်ကြေညာ လိုက်သည်။

ပြင်သစ်အသင်းတွင် ဂိုးသမား ၃ ယောက်၊ နောက်တန်း ၈ ယောက်၊ အလယ်တန်း ၆ ယောက်နှင့် တိုက်စစ်မှူး ၆ ယောက် ရွေးချယ်ထားသည်။ ပြိုင်ပွဲမတိုင်မီ ထိခိုက်ဒဏ်ရာရခြင်းနှင့် ဖျားနာခြင်းများအတွက် အစားထိုးလဲလှယ်ရန် အရန်ကစားသမား ၈ ယောက်ကိုလည်း ရွေးချယ်ထားသည်။

ယခုနှစ်တွင် ပုံမှန်သာ ခြေစွမ်းပြနိုင်သည့် အာဆင်နယ်တိုက်စစ်မှူး ဂီရော့ဒ်ကို ပြင်သစ်အသင်း၏ တိုက်စစ်တွင် ရွေးချယ်ထားသော်လည်း ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာမှာမူ ညစ်ညမ်းဗီဒီယိုအခွေနှင့် ခြိမ်းခြောက်စာ ကိစ္စရပ်များကြောင့် ချန်လှပ်ခံခဲ့ရသည်။

ယခုနှစ်ရာသီတွင် နိုက်စ်အသင်းအတွက် ၁၇ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့သည့် ဘင်အာဖာမှာမူ အရန်လူစာရင်းတွင်သာ ပါဝင်ခဲ့သည်။ မန်ယူမှ မာရှယ်၊ ဝက်စ်ဟမ်းမှ ပေယက်၊ လက်စတာမှ ကန်တီ၊ အက်သလက်မှ ဂရစ်ဇ်မန်၊ ဘိုင်ယန်မြူးနစ်မှ ကိုမန်း စသည့် လူငယ်ခြေတက် ကစားသမားများအားလုံး နည်းပြဒက်ချမ့်၏စာရင်းတွင် ပါဝင်ခဲ့သည်။

ပြင်သစ်အသင်း၏ ၂၃ ဦး စာရင်း

ဂိုး - ဟူဂိုလောရစ်(စပါး)၊ မန်ဒန်ဒါ(မာဆေး)၊ ကော့စ်တီ(ရင်းနက်စ်)

နောက်တန်း - ဗာရာနီ(ရီးယဲလ်)၊ ကိုစီရယ်နီ(အာဆင်နယ်)၊ မန်ဂါလာ(မန်စီးတီး)၊ မက်သီးယက်စ်(ဘာစီလိုနာ)၊ အီဗရာ(ဂျူဗင်တပ်စ်)၊ ဆက်ဂ်နာ(မန်စီးတီး)၊ ဒစ်ဂ်နီ(ရိုးမား)၊ ဂျဲလက်(လိုင်ယွန်)

အလယ်တန်း - ပေါ့ဂ်ဘာ(ဂျူဗင်တပ်စ်)၊ မာတူဒီ(ပီအက်စ်ဂျီ)၊ လက်စနာဒီယာရာ(မာဆေး)၊ ကန်တီ(လက်စတာ)၊ ကာဘာယီ(ခရစ္စတယ်ပဲလေ့စ်)၊ ဆစ်ဆိုကို(နယူးကာဆယ်)

ရှေ့တန်း - ဂီရော့ဒ်(အာဆင်နယ်)၊ ဂရစ်ဇ်မန်(အက်သလက်)၊ ပေယက်(ဝက်စ်ဟမ်း)၊ မာရှယ်(မန်ယူ)၊ ကိုမန်း(ဘိုင်ယန်)၊ ဂစ်နက်(UANL Tigers)

ရည်ညွှန်း ဂါးဒီးယန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly