အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဟစ်ဇ်ဘိုလာ ထိပ်တန်း တပ်မှူး ကျဆုံး

အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဟစ်ဇ်ဘိုလာ ထိပ်တန်း တပ်မှူး ကျဆုံး

မေ ၁၃ ။          ။ ယခုသီတင်းပတ်ထဲတွင် လက်ဘနွန်-အစ္စရေး နယ်စပ်၌ အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဟစ်ဘိုလာ အဖွဲ့မှ အဆင့်မြင့် တပ်မှူး တစ်ဦး ကျဆုံးသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း မိမိတို့၏ တပ်မှူး ကျဆင်းသွားခဲ့သည်ဟု လက်ဘနွယခုသီတင်းပတ်ထဲတွင် လက်ဘနွန်-အစ္စရေး နယ်စပ်၌ အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဟစ်ဘိုလာ အဖွဲ့မှ န်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့က မေလ ၁၃ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။

 ဟစ်ဇ်ဘိုလာအဖွဲ့၏ ထိပ်တန်း တပ်မှူး တစ်ဦးဖြစ်သူ အသက် ၅၅ နှစ်ရှိ မာစတာဖာ ဘာဒရက်ဒင်း မှာ အဖွဲ့၏ ရာထူးကြီး တပ်မှူးကြီးများထဲတွင် တစ်ဦးအပါအဝင် ဖြစ်ပြီး ယခုကဲ့သို့ ၎င်းကျဆုံးသွားခဲ့ခြင်းက အဆိုပါ ရှီအိုက်အဖွဲ့အတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

" သူဟာဆိုရင် ၁၉၈၂ ခုနှစ်နောက်ပိုင်းကတည်းက အစ္စလမ္မစ် တော်လှန်ရေး စစ်ဆေးရေးအများစုမှာ ပါဝင်ထားခဲ့သူပါ၊ အဖွဲ့အတွက်ကတော့ ကြီးကျယ်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်၊ မေလ ၁၀ ရက်ညမှာတော့  သူကျဆုံးခဲ့ရပါပြီ" ဆိုပြီး ဟစ်ဇ်ဘိုလာအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယမန်နှစ်က ဘားဒရက်ဒင်းအပေါ် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ထားခဲ့သော အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ၎င်းမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဆီးရီးယားရှိ ယင်းအဖွဲ့၏ စစ်ဆင်ရေးများတွင် အဓိက ကြီးကြပ်လုပ်ဆောင်ခဲ့သူဟု ပြောကြားသည်။

အီရန် နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် ယင်း ဟစ်ဇ်ဘိုလာအဖွဲ့သည် လက်ရှိအချိန်တွင် ဆီးရီးယားတွင် သမ္မတ ဘာရှာအာဆက် အားထောက်ခံ၍ တိုက်ပွဲများ ဆင်နွဲနေသည့်အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly