ကေတီဗွီ၊ ကာရာအိုကေများ နှင့် ဘားများ ည ၁၁နာရီပိတ်ရန် တရားဝင် မညွွှန်ကြားထားဟု ဦးဖြိုးမင်းသိန်းပြော

ကေတီဗွီ၊ ကာရာအိုကေများ နှင့် ဘားများ ည ၁၁နာရီပိတ်ရန် တရားဝင် မညွွှန်ကြားထားဟု ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်၊ မေ ၁၂ ။  ။ ရန်ကုန်တိုင်းအတွင်းရှိ ကေတီဗွီများနှင့် ဘားများနှင့် အရက်ဆိုင်များကို ည ၁၁နာရီတွင် ပိတ်ရန် တရားဝင် မညွှန်ကြားထားသေးကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

မေလ ၁၁၇က်နေ့က အွန်လိုင်းမီဒီယာတစ်ခုမှ စတင်ပျံ့နှံ့ခဲ့သည့် အဆိုပါကိစ္စနှင့်ပတ်သက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းအတွင်း မူးယစ်ဆေးဝါးပပျောက်ရေး အစီအမံများ ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်သည့် အသိပေးရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သူတို့ကို ကျနော်တို့က စပြီး အသိပေးမှာ ဖြစ်ပါတယ်။ အဲဒီလိုမှ မလိုက်နာဘူးဆိုရင် ကျနော်တို့က အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အစိုးရအဖွဲ့ရုံးကနေ တိတိကျကျ ပုံစံချပေးမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယင်းသို့ ဆောင်ရွက်ရာတွင်လည်း ဖမ်းဆီးချုပ်နှောင်နေခြင်းမျိုး လုပ်ဆောင်သွားမည် မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

မေလ ၁၁ရက်နေ့က ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည့် အဆိုပါသတင်းနှင့် ပတ်သက်၍ ဝေဖန်ပြစ်တင်မှုများ များစွားထွက်ပေါ်ခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီးကလည်း တိုင်းအစိုးရ အစည်းအဝေး ဆုံးဖြတ်ပြီးမှ သာလ ျှင် အမိန့်ထုတ်ပြန်မည်ဟု ဆိုသည်။

“ဒါနဲ့ အစိုးရ အဖွဲ့က ဘာမှ ထုတ်ပြန်ထားတာ မရှိပါဘူး။ ဒီအမိန့်တွေကို တကယ်တမ်း ထုတ်ပြန်ရမှာက အစိုးရ အဖွဲ့က ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနကမူ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးဝင်းဗိုလ်က တရားဥပဒေ စိုးမိုးရေးအတွက် ညဘက် ဖွင့်လှစ်သည့် စားသောက်ဆိုင်များ၊ ညကလပ်များ၊ ဘားများ အားလုံးကို ည ၁၁ နာရီတွင် ပိတ်သိမ်းရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတိပေးလိုက်ပြီး လိုက်နာခြင်းမရှိပါက အရေးယူမည်ဟု တရားဝင် အသိပေးအကြောင်းကြားထားသည်ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly