အထက်လွှတ်တော်က စွပ်စွဲပြစ်တင်မည့်အဆိုကို အတည်ပြုဆုံးဖြတ်လိုက်၍ ဘရာဇီးသမ္မတ ရာထူးမှ ယာယီဆိုင်းငံ့ခံရ

အထက်လွှတ်တော်က စွပ်စွဲပြစ်တင်မည့်အဆိုကို အတည်ပြုဆုံးဖြတ်လိုက်၍ ဘရာဇီးသမ္မတ ရာထူးမှ ယာယီဆိုင်းငံ့ခံရ

မေ ၁၂ ။          ။ နိုင်ငံတွင် စာရင်းအင်းများ မမှန်မကန်လုပ်ဆောင်ထားခြင်းနှင့်ပတ်သက်၍ ဘရာဇီးသမ္မတ ဒယ်လ်မာ ရော့ဆက်ဖ်အား စွပ်စွဲပြစ်တင်မည့် အဆိုတစ်ရပ်ကို မေလ ၁၂ ရက်က အထက်လွှတ်တော်တွင် မဲခွဲအတည်ပြုလိုက်ရာ လက်ရှိအချိန်တွင် သမ္မတမှာ စွပ်စွဲချက်များနှင့် ရင်ဆိုင်သွားရတော့မည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

မေလ ၁၂ ရက်က ဘရာဇီးအထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် စုစုပေါင်း လွှတ်တော် အမတ် ၈၁ ဦးအနက် ၅၅ ဦးက ယခုအဆိုကို ထောက်ခံမဲပေးခဲ့ကြ၍ နိုင်ငံ၏ ပထမဆုံးအမျိုးသမီး သမ္မတ ရော့ဆက်ဖ် သမ္မတ ရော့ဆက်ဖ်မှာ ရာထူးတာဝန်မှ ခေတ္တဆင်းပေးရတော့မည်ဖြစ်ပြီး စွပ်စွဲပြစ်တင်မှုနှင့် ရင်ဆိုင်သွားရတော့မည်ဖြစ်သည်။

နိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့တစ်ခုက သူမအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်စဉ်ကာလအတောအတွင်း လက်ရှိ သမ္မတ တာဝန်မှ ဆင်းပေးထားရမည်ဖြစ်သည်။ အဆိုပါ စစ်ဆေးရေးကာလမှာ အများဆုံး ရက်ပေါင်း ၁၈၀ အထိ ကြာမြင့်နိုင်သည်ဟု သိရသည်။

ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေးကာလတွင် ရော့ဆက်ဖ်အစား လက်ရှိဒုသမ္မတ မီချယ် တီမာက သမ္မတ တာဝန် ထမ်းဆောင်သွားမည်ဖြစ်သည်။

စီးပွားရေးကပ်ဆိုက်မှု နှင့် အကျင့်ပျက်ခြစားမှုများ ရှိနေသော ယင်းနိုင်ငံတွင် ယခုကဲ့သို့ သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခုကြောင့် ၁၃ နှစ်ကြာ လက်ဝဲယိမ်း အလုပ်သမားပါတီ၏ နိုင်ငံအာဏာကို ချုပ်ကိုင်ထားမှုကို ရပ်တန့်သွားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly