ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်္ဂလိပ်ဒိုင် မာ့ခ်ကလက်တန်ဘတ်ကိုင်တွယ်မည်

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်္ဂလိပ်ဒိုင် မာ့ခ်ကလက်တန်ဘတ်ကိုင်တွယ်မည်

မေ ၁၁၊ လန်ဒန်။            ။ မေ ၂၈ တွင် ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုမက်ဒရစ်တို့ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်္ဂလိပ်ဒိုင်လူကြီး မာ့ခ်ကလက်တန်ဘတ် ကိုင်တွယ်မည်ဖြစ်သည်။

မီလန်မြို့ရှိဆန်စီရိုကွင်းတွင်းတွင်ကစားမည့် ယင်းပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် အသက် ၄၁ နှစ်အရွယ် မာ့ခ်ကလက်တန်ဘတ်အပြင် အင်္ဂလိပ်ဒိုင်များဖြစ်သည့် ဆိုင်မွန်ဘက်နှင့် ဂျက်ကောလင်းတို့က လက်ထောက်ဒိုင်အဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။

ထို့ပြင် အကူဒိုင်များအဖြစ် အင်္ဂလိပ်များပင်ဖြစ်သည့် တေလာ၊ မာရင်နာတို့လည်း တာဝန်ယူကြမည်ဖြစ်သည်။ ဟန်ဂေရီလူမျိုး ဗစ်တာမှာ စတုတ္ထဒိုင်အဖြစ်တာဝန်ယူမည်ဖြစ်သည်။

ပရီးမီးယားလိဂ်ဒိုင်လူကြီး မာ့ခ်ကလက်တန်ဘက်သည် အက်ဖ်အေဖလားဗိုလ်လုပွဲတွင်လည်း တာဝန်ယူကိုင်တွယ်ရဦးမည်ဖြစ်ပြီး တစ်ပတ်အကြာတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တာဝန်ယူရခြင်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly