ဘင်္ဂလားဒေ့ရှ်တွင် အစ္စလာမ်မစ်ခေါင်းဆောင်အား ကြိုးပေး

ဘင်္ဂလားဒေ့ရှ်တွင် အစ္စလာမ်မစ်ခေါင်းဆောင်အား ကြိုးပေး

ဒါကာ၊ မေ ၁၁ ။                ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၇၁ ခုနှစ် ပါကစ္စတန်မှ လွတ်လပ်ရေးကြိုးပမ်းမှု တိုက်ပွဲအတွင်း ရာဇဝတ်မှုများ ကျုးလွန်ခဲ့သည့်အတွက် အစ္စလာမ်မစ်ခေါင်းဆောင်အား ကြိုးပေးကွပ်မျက်သည်။

အသက် ၇၃ နှစ်အရွယ် မိုတီအူရက်ရှ်မန်နီဇာမီအား ဒေသစံတော်ချိန် မေ ၁၁ ရက် အစောပိုင်းက ကွပ်မျက်ခဲ့သည်ဟု ဥပဒေရေးရာဝန်ကြီး အန်နီဆူးဟတ်က အတည်ပြုသည်။

နီဇာမီသည် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ မုဒိမ်းပြုကျင့်မှုနှင့် နှိပ်စက်ညည်းပန်းမှုများဖြင့် အပြစ်ပေးခြင်းဖြစ်သည်။

နီဇာမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးအစ္စလာမ်မစ်ပါတီ Jamaat-e-Islami အား ဦးဆောင်သူဖြစ်သည်။ ကြိုးပေးကွပ်မျက်ရာ အကျဉ်းထောင်သို့ လူပေါင်းရာပေါင်းများစွာ စုရုံးရောက်ရှိခဲ့သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာမှစကာ စစ်ရာဇဝတ်မှုများဖြင့် အပြစ်ပေးကွပ်မျက်ခဲ့သည်မှာ နာဇီမီက ငါးယောက်မြောက်လည်းဖြစ်ပြီး အင်အားကြီးအတိုက်အခံခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

ပဋိပက္ခများ၏ ဒဏ်ရာများကို ကုစားရန်အတွက် ယခုကဲ့သို့ တရားစီရင်ခြင်းများက လိုအပ်သည်ဟု တာဝန်ရှိသူများက ပြောသော်လည်း လူ့အခွင့်အရေးအုပ်စုများကမူ ကမ္ဘာ့စံနှင့် သွေဖည်ပြီး နိုင်ငံတကာ အမြင်အရလည်း မသင့်တယ်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly