ကိုလံဘီယာတွင် ကင်ဆာရောဂါသည်တစ်ဦးကို မနာမကျင်ပဲ သတ်သေခွင့် ပထမဆုံးခွင့်ပြု

ကိုလံဘီယာတွင် ကင်ဆာရောဂါသည်တစ်ဦးကို မနာမကျင်ပဲ သတ်သေခွင့် ပထမဆုံးခွင့်ပြု

ကိုလံဘီယာနိုင်ငံတွင် အသက် ၇၉ နှစ်အရွယ် ကင်ဆာဝေဒနာရှင်တစ်ဦးအား မနာမကျင်သတ်သေခွင့်ကို ပထမဆုံးခွင့်ပြုပေး လိုက်သည်။

အိုဗီဒီယိုဂွန်ဇယ်လတ်ဇ်ဆိုသူ ရောဂါရှင်အဘိုးအိုက လည်ချောင်းကင်ဆာခံစားနေရပြီး နာကျင်မှုဝေဒနာကို မခံစားနိုင်တော့ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

ကတ်သလစ်ဘုရားရှိခိုးကျောင်းက ယင်းသို့မနာမကျင်အသက် သေဆုံးခွင့်ပြုခြင်းသည် ကျင့်ဝတ်အရ လက်မခံနိုင်ကြောင်းနှင့် နိုင်ငံတစ်ဝန်းရှိ ဆေးရုံများသို့ ခြိမ်းခြောက်လွှမ်းမိုးလာမည်ဖြစ်ကြောင်း ပြောသည်။

မနာမကျင်သေဆုံးခွင့်ကို ခွင့်ပြုသည့် ကမ္ဘာနိုင်ငံ အနည်းငယ်တွင် ကိုလံဘီယာက အပါအဝင်ဖြစ်ပြီး လက်တင်အမေရိကတွင်မူ ၎င်းတစ်နိုင်ငံတည်းရှိနေခြင်းဖြစ်သည်။

၁၉၉၀ ခုနှစ်များက ဖွဲ့စည်းပုံခုံရုံးက မနာမကျင်သတ်သေခွင့်ကို အတည်ပြုခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် စည်းကမ်းပြဌာန်း သတ်မှတ်မှုများ မရှိသဖြင့် လက်တွေ့လုပ်ဆောင်မှု မရှိခဲ့ခြင်းဖြစ်သည်။

မေလအတွင်းမှ ကျန်းမာရေးဝန်ကြီးဌာနက ယင်းသို့ ရောဂါသည်များ မနာကျင်သတ်သေခွင့်နှင့် ပတ်သက်ပြီး စည်းမျဉ်းစနစ်ရေး ဆွဲစေခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ အိုဗီဒီယိုအနေဖြင့်လည်း တရားရေးအရ ရင်ဆိုင်ပြီးမှ ယခုကဲ့သို့ မနာမကျင်သေဆုံးခွင့်ကို ရရှိခဲ့ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly