အီရတ်က အိုင်အက်စ်ခေါင်းဆောင်အား သုတ်သင်

အီရတ်က အိုင်အက်စ်ခေါင်းဆောင်အား သုတ်သင်

ဘဂ္ဂဒက်၊ မေ ၁၀ ။                ။ အီရတ်နိုင်ငံ အန်ဘာပြည်နယ်တွင် ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းစီးနင်းမှုအတွင်း အဓိကအိုင်အက်စ်ခေါင်းဆောင်တစ်ဦးအား သုတ်သင်လိုက်နိုင်ကြောင်း ပင်တဂွန်က ပြောသည်။

အီရတ်တွင် ယခင်အယ်ခိုင်ဒါအဖွဲ့ဝင်ဟောင်းဖြစ်သည့် အဘူဝါဟိဘ်အား မေ ၇ ရက် လေကြောင်းစီးနင်းမှုတွင် သတ်ဖြတ်လိုက်နိုင်ခြင်းဖြစ်သည်ဟု ပင်တဂွန်အရ သိရသည်။

“အီရတ်နဲ့ ဆီးရီးယားက အိုင်အက်စ်တွေအတွက် အန္တရာယ်ပါ။”ဟု ပြောရေးဆိုခွင့်ရှိသူ ပီတာကွတ်က ပြောသည်။

ဝါဟိဘ်အား သေဆုံးပြီဟူ၍ ယခင်အခေါက်များကလည်း အကြိမ်ကြိမ်တော်တော်များများ မှားယွင်းကြေညာခြင်းခံရသည်။

အန်ဘာပြည်နယ် ရတ်ဘာမြို့အနီးတွင် ယာဉ်တစ်စီးဖြင့် ဝါဟိဘ်သွားလာစဉ်၌ လေကြောင်းထိုးစစ်ဖြင့် သုတ်သင်လိုက်ခြင်းဖြစ်ကြောင်း ကွတ်က ပြောသည်။

ယင်းစီးနင်းမှုအတွင်း အခြားစစ်သွေးကြွသုံးဦးကိုလည်း သတ်ဖြတ်နိုင်ခဲ့သည်။ ဝါဟိဘ်သည် အန်ဘာပြည်နယ်အတွက် အိုင်အက်စ်အဖွဲ့၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သည်။

၁၉၈၆ ခုနှစ်အတွင်း မွေးဖွားသူဖြစ်ကာ ကွန်ပြူတာသိပ္ပံကျောင်းသားဟောင်းတစ်ဦးဖြစ်သည်။

အီရတ်တွင် အမေရိကန်တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ပေးခံရသော်လည်း ၂၀၁၂ ခုနှစ်အတွင်းက လွတ်မြောက်ခဲ့သူတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly