တရုတ် နိုင်ငံတောင်ပိုင်း ရေအိုင်တစ်ခုတွင် တန်ချိန်ပေါင်း ၃၅ တန်ရှိ ငါးများ သေဆုံးနေသည်ကို တွေ့ရှိရ

တရုတ် နိုင်ငံတောင်ပိုင်း ရေအိုင်တစ်ခုတွင် တန်ချိန်ပေါင်း ၃၅ တန်ရှိ ငါးများ သေဆုံးနေသည်ကို တွေ့ရှိရ

တရုတ် နိုင်ငံတောင်ပိုင်း ကန်တစ်ခုအတွင်း မေလ ၄ ရက်က တန်ချိန်ပေါင်း ၃၅ တန်ခန့်ရှိသည့် ငါးများ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရာ ဒေသခံများအကြား အံ့အားသင့်ခဲ့ကြရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါနေ့က နိုင်ငံတောင်ပိုင်း ဟိုင်နန် ပြည်နယ်ရှိ ဟုန်ချိုင်အမည်ရှိ ရေအိုင်တွင် အထက်ပါ သေဆုံးနေသော ငါးများ အစုအလိုက်အပြုံလိုက် ရေပေါ် ပေါ်လာခဲ့သည်ဟု တရုတ် နိုင်ငံပိုင် သတင်းမီဒီယာက ဖော်ပြခဲ့သည်။

ယခုကဲ့သု့ိ ငါးများ အစုလိုက်အပြုံလိုက်သေဆုံးနေခြင်းနှင့် ပတ်သက်၍ ဒေသခံများက လေထုညစ်ညမ်းမှုများ ရှိနေနိုင်မှုအပေါ် စိုးရိမ်ပူပန်ခဲ့ကြသော်လည်း ငါးများသေဆုံးရခြင်း၏ အကြောင်းရင်းမှာ ရေထဲ၌ ဆားဓါတ်ပါဝင်မှု လွန်ကဲခြင်းကြောင့် ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသွားသည်။

ယခုကဲ့သို့ ဆားဓါတ်လွန်ကဲမှု ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီရေက အဆိုပါငါးများကို ဟုန်ချိုင် ရေအိုင်တွင်းသို့ ပို့ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင့် နိုင်ငံပိုင်မီဒီယာက ကောက်ချက်ချထားသည်။ လက်ရှိအချိန်တွင်လည်း သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ယင်းဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

အဆိုပါ သေဆုံးနေသော ငါးများ၏ အမျိုးအမည်နှင့် ပတ်သက်၍ အတိအကျ မသိရသေးပဲ ငါးများ၏ အရွယ်အစားမှာ လက်ဖဝါး တစ်ဝက်ခန့်ရှိသည်ဟု ဒေသခံများက ပြောသည်။ အဆိုပါ ငါးများကို ယခင်က ရေအိုင်ထဲတွင် တစ်ကြိမ်တစ်ခါမှ တွေ့ရှိခဲ့ရခြင်းမရှိဟုလည်း ဒေသခံများက ထပ်လောင်း ပြောသည်။

ထိုကဲ့သို့ ငါးများကို တွေ့ရှိပြီးနောက်ပိုင်း ဒါဇင်ပေါင်းများစွာသော လုပ်သားဝန်ထမ်းများက ငါးများကို နာရီပေါင်းများစွာကြာသည့်တိုင် ရှင်းလင်းဖယ်ရှားခဲ့ရသည်။ ငါးများတွင် အဆိပ်အတောက်ပါဝင်ခြင်းရှိမရှိ စစ်ဆေးရသေးခြင်းမရှိသည့်အတွက်လည်း စားသုံးသူများထံသို့ ရောင်းချခြင်းမပြုနိုင်ရန် အာဏာပိုင်များက တားမြစ်ထားခဲ့ရသည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly