ဖားကန့်မြေပြိုမှု သေဆုံးသူ စုစုပေါင်း ၁၃ ဦးအထိ ရှိပြီး ထိခိုက်ဒဏ်ရာရသူ လေးဦးရှိ

ဖားကန့်မြေပြိုမှု သေဆုံးသူ စုစုပေါင်း ၁၃ ဦးအထိ ရှိပြီး ထိခိုက်ဒဏ်ရာရသူ လေးဦးရှိ
Photo - Theguardian

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း စွန့်ပစ်မြေစာပုံပြိုကျမှုတွင် သေဆုံးသူပေါင်းက စုစုပေါင်း ၁၃ ဦးရှိသွားပြီး ဒဏ်ရရာသူမှာ လေးဦးရှိကြောင်း ရဲဌာနက မေ ၇ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် မေ ၅ ရက်ညက ဆိပ်မူကျေးရွာအုပ်စု စေပေါ့မှော်တွင် တစ်သုံးလုံးကုမ္ပဏီ၏ လုပ်ကွက် အနီးရှိ အမြင့် ပေ ၁၅၀၊ အကျယ် ပေ ၂၀၀ ရှိ မြေစာပုံထိပ်တွင် ရေမဆေးကျောက် ရှာဖွေကြစဉ် မြေပြိုမှုဖြစ်ပွာခဲ့ခြင်းဖြစ်သည်။

လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ တာဝန်ရှိသူများက သေဆုံးသူများ၏ မိသားစုများအား ဖြစ်ပွားရာနေရာသို့ ဝင်ခွင့်ပိတ်ထားသည်။

ဖားကန့်ဒေသတွင် ၂၀၁၅ နိုဝင်ဘာလအတွင်း မြေပြိုမှုတစ်ခုတွင် လူပေါင်းအနည်းဆုံး ၁၀၀ သေဆုံးခဲ့သည်။ ၂၀၁၅ ခုနှစ်အတွင်း ယင်းဒေသတွင် မြေပြိုမှုပေါင်း ၄၀ ကျော်ထက်မနည်း ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly