ဂျပန်ခြေစမ်းခရီးစဉ်အတွင်း မြန်မာအမျိုးသမီးအသင်းနှင့် တရုတ်တိုင်ပေအသင်း ခြေစမ်းမည်

ဂျပန်ခြေစမ်းခရီးစဉ်အတွင်း မြန်မာအမျိုးသမီးအသင်းနှင့် တရုတ်တိုင်ပေအသင်း ခြေစမ်းမည်

မေ ၇၊ ရန်ကုန်။               ။ ဂျပန်နိုင်ငံတွင် ရက် ၂၀ကျော်ခန့် သွားရောက်နေထိုင်လေ့ကျင့်မည့် မြန်မာအမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းသည် ခြေစမ်းခရီးစဉ်အတွင်း တရုတ်တိုင်ပေအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းနှင့် ခြေစမ်းပွဲကစားမည်ဖြစ်သည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းမှာ ဂျပန်နိုင်ငံသို့ မေလ ၆ရက်က စတင်ထွက်ခွာခဲ့ပြီး တရုတ်တိုင်ပေအသင်းနှင့် မေလ ၁၆ ရက်တွင်ကစားမည်ဖြစ်သည်။ ဂျပန်ခြေစမ်းခရီးစဉ်မှာ ကျွန်တော်တို့ ခြေစမ်းပွဲ ၅ပွဲကစားဖို့စီစဉ်ထားပါတယ်။ ဂျပန်နာမည်ကြီးကလပ်အသင်းတွေနဲ့လည်း ကစားဖို့ရှိနေသလို တရုတ်တိုင်ပေလက်ရွေးစင်အသင်းနဲ့လည်းကစားမှာပါ။ ဒီခရီးစဉ်က အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် အထောက်အကူဖြစ်စေမှာပါ။ အသင်းခြေစွမ်းတိုးတက်မှုကို ဂျပန်ခရီးစဉ်မှာ တိုင်းတာနိုင်မှာပါ။ ဟု မြန်မာအမျိုးသမီးလက်ရွေးစင်နည်းပြ ရော်ဂျာရိုင်နာကပြောသည်။

မြန်မာအသင်းနှင့်တရုတ်တိုင်ပေအသင်းတို့မှာ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အိုလံပစ်ခြေစစ်ပွဲဒုတိယအကျော့တွင် နောက်ဆုံးတွေ့ဆုံခဲ့ပြီး မြန်မာအသင်းက ၅-၂ဂိုးဖြင့်အနိုင်ရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly