အိုင်အက်စ်တို့ သိမ်းပိုက်ခဲ့သော အီရတ်နယ်မြေတွင် လူသေမြုပ်သည့်နေရာ ၅၀ ကျော် တွေ့ရှိ

အိုင်အက်စ်တို့ သိမ်းပိုက်ခဲ့သော အီရတ်နယ်မြေတွင် လူသေမြုပ်သည့်နေရာ ၅၀ ကျော် တွေ့ရှိ

ဘဂ္ဂဒက်၊ မေ ၇ ။             ။ အီရတ်နိုင်ငံရှိ အိုင်အက်စ်တို့ ယခင်သိမ်းပိုက်ခဲ့သော နယ်မြေများတွင် လူသေမြုပ်နှံရာ နေရာပေါင်း ၅၀ ကျော်ထက်မနည်းကို တွေ့ရှိကြောင်း ကုလသမဂ္ဂ သံတမန်တစ်ဦးက ပြောသည်။

စက်ဆုပ်ဖွယ်ရာ ရာဇဝတ်မှုများ အိုင်အက်စ်တို့ ကျုးလွန်သည့် သက်သေများပင်ဖြစ်ကြောင်း သံတမန် ဂျင်ကူဘတ်စ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပြောသည်။

အိုင်အက်စ်တို့ထံမှ ပြန်လည်လက်ရခဲ့သည့် နယ်မြေများတွင် ပြီးခဲ့သည့်လများအတွင်း ယင်းလူသချိုင်းများကို တွေ့ရှိခြင်းဖြစ်သည်။

ဧပြီလအတွင်းက ရာမာဒီမြို့တွင် လူသေလောင်းပေါင်း ၄၀ ကျော်ထက်မနည်းရှိသည့် လူသချိုင်းများကို တူးဖော်တွေ့ရှိရသည်။

အိုင်အက်စ်တိုက်ခိုက်ရေးသမားများအပေါ် လုံခြုံရေးကောင်စီအနေဖြင့် စတင်ကိုင်တွယ်သင့်ပြီဖြစ်ကြောင်းလည်း ဂျင်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက အိုင်အက်စ်တို့ထံမှ ရာမာဒီမြို့အား အီရတ်စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းရာမာဒီမြို့မှ မေလအတွင်းက အိုင်အက်စ်တို့လက် စတင်ကျရောက်ခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly