ကင်မရွန်းနှင့် ဒိုင်နမိုဘူခါရက် ကွင်းလယ်လူ ပက်ထရစ်အီခမ် ကွင်းအတွင်း လဲကျသေဆုံး

ကင်မရွန်းနှင့် ဒိုင်နမိုဘူခါရက် ကွင်းလယ်လူ ပက်ထရစ်အီခမ် ကွင်းအတွင်း လဲကျသေဆုံး

မေ ၇၊ ရိုမေးနီးယား ။           ။ အသက် ၂၆ နှစ်ရွယ်သာရှိသေးသည့် ကင်မရွန်းနှင့် ဒိုင်နမိုဘူခါရက်ကွင်းလယ်လူ ပက်ထရစ်အီခမ်သည် ရုတ်တရက် နှလုံးရောဂါခံစားရပြီး ကွင်းအတွင်း လဲကျသေဆုံးခဲ့သည်။

ရိုမေးနီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်သော ဒိုင်နမိုဘူခါရက်နှင့် ဗီတိုယူအသင်းတို့ ကစားခဲ့သည့် ပွဲစဉ်တွင် ပွဲချိန် မိနစ် ၇၀ ၌ ပက်ထရစ်အီခမ်မှာ ရုတ်တရက် လဲကျသွားခဲ့ပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။ ဆေးရုံသို့ရောက်ရှိပြီး ၂ နာရီအကြာတွင် ပက်ထရစ်အီခမ်မှာ လူ့လောကကြီးကို နှုတ်ဆက်သွားခဲ့သည်။

ကင်မရွန်းဘောလုံးအဖွဲ့ချုပ်နှင့် အီခမ်၏အသင်းဟောင်း ကော်ဒိုဘာတို့က အဆိုပါသတင်းကို တွစ်တာတွင် အတည်ပြုပြီး ဝမ်းနည်းကြောင်း ဆိုခဲ့ကြသည်။ 'အီခမ်ကို ဆုံးရှုံးခဲ့ရမှုအတွက် အလွန်ကို ဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့မှာ ဒီအတွက် ပြောစရာစကားလုံးတောင်မရှိပါဘူး' ဟု ကော်ဒိုဘာအသင်းက ရေးသားခဲ့သည်။

ဒိုင်နမိုဘူခါရက်အသင်းသားများက အီခမ်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်များပြုလုပ်ခဲ့ကြသလို ကင်မရွန်းအသင်းသားများကလည်း ဝမ်းနည်းစကားများ ဆိုခဲ့ကြသည်။

၂၀၀၃ ခုနှစ်က ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သော ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင်လည်း ကိုလံဘီယာအသင်းနှင့်ကစားသော ပွဲစဉ်၌ ကင်မရွန်းကွင်းလယ်ကစားသမား ဗီဗီယန်ဖိုး ကွင်းအတွင်း လဲကျသေဆုံးမှု ဖြစ်ပွားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly