ဘွဲ့အတုစစ်ဆေးမှုများပြုလုပ်စဉ် အိန္ဒိယမူလတန်းကျောင်းဆရာ ၁,၄၀၀ခန့်ရာထူးမှ နုတ်ထွက်

ဘွဲ့အတုစစ်ဆေးမှုများပြုလုပ်စဉ် အိန္ဒိယမူလတန်းကျောင်းဆရာ ၁,၄၀၀ခန့်ရာထူးမှ နုတ်ထွက်

ပတ္တနာ၊ ဇူလိုင် ၊ ၃ ။        ။ ပညာအရည်အခြင်းအတုများကို စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်နေစဉ် မကြာသေးခင်လများအတွင်း အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ ပြည်နယ်တစ်ခုတွင် မူလတန်းပြဆရာ ၁,၄၀၀ခန့် အလုပ်မှ နုတ်ထွက်ခဲ့ကြကြောင်း ပညာရေးအရာရှိ တစ်ဦးက ဇူလိုင် ၃ တွင် ပြောကြားခဲ့သည်။

ဘွဲ့ဒီဂရီများကို အတုပြုလုပ်ထားသည့် အတွက် အရေးယူခံရခြင်းမှ ရှောင်ရှားနိုင်ရန် ဘီဟာပြည်နယ်ရှိ ကျောင်းဆရာများ ကို နုတ်ထွက်ခွင့်ပေးထားသည့် လွတ်ငြိမ်းချမ်းသာခွင့်ကာလ မကုန်ဆုံးမီ နောက်ထပ်နုတ်ထွက်မှုများ ရှိလာနိုင်သည်ဟု ပြည်နယ်ပညာရေးဋ္ဌာ အဓိကအတွင်းဝန် အာရ်မဟာဂျန်က ပြောကြားခဲ့သည်။

မူလတန်းဆရာ ၃၅၀,၀၀၀အနက် ၂၅,၀၀၀မှာ သင့်လျော်သည့် လေ့ကျင့်မှုမရှိဘဲ အစိုးရကျောင်းများတွင် ဝင်ရောက်သင်ကြားနေသည်ဟု စိုးရိမ်မှုများပေါ်ထွက်လာပြီးနောက် မေလက စုံးစမ်းစစ်ဆေးမှုလုပ်ရန် တရားရုံးချုပ်က အမိန့်ချခဲ့သည်။

လွန်ခဲ့လမှ စကာ ဇူလိုင် ၉ ရက်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ကာလကို တရားရုံးက အမိန့်မချမီ ဆရာများ၏ ကိုယ်ရေးရာဇဝင်ဖောင်များကို အရာရှိများက စိစစ်ခြင်းနှင့်အတူ စုံစမ်းစစ်ဆေးမှုများပြုလုပ်စဉ် နုတ်ထွက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။

"တရားရုံးက လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မချခင် ကျောင်းဆရာ ၁,၄၀၀က နုတ်ထွက်သွားပါပြီ"ဟု မဟာဂျန်က အေအက်ဖ်ပီ သို့ ပြောကြားခဲ့သည်။

"လွတ်ငြိမ်းချမ်းသာခွင့်ကာလကုန်ဆုံးတဲ့နောက်မှာ အပြစ်မယူမှုကို အခွင့်အရေးယူနိုင်ခဲ့တဲ့ နောက်ဆုံးဆရာအရေအတွက်ကို ကျွန်တော်တို့သိရမှာပါ"ဟု ၎င်းကဆိုသည်။

ရာထူးမှ နုတ်ထွက်သွားသည့် နောက်ဆုံးအရေအတွက်မှာ ပြသနာရှိလိမ့်မည်ဟု မထင်ကြောင်းလည်း မဟာဂျန်ကပြောသည်။ အဘယ့်ကြောင့်ဆိုသော် ပညာရေးစနစ်တွင် လှစ်ဟာမှုမရှိသောကြောင့်ဟု ၎င်းကဆိုသည်။ သို့သော်လည်း ပညာရေးထောက် ခံချက်အတုများနှင့် ဆက်လက်ရှိနေသော ဆရာများကိုမူ ပြင်းပြင်းထန်ထန်အရေး ယူမည်ဖြစ်ပြီး ထောင်ကျနိုင်သည့် ပြစ်မှု တစ်ခုဖြစ်သည်ဟု ၎င်းကပြောကြားခဲ့သည်။

ပြည်နယ်အစိုးရက ကျောင်းဆရာသစ်များအဖြစ် အစုလိုက်အပြုံလိုက်ခန့်အပ်ပြီးနောက် ၂၀၀၆ခုနှစ်ကတည်းက အလုပ်ဝင်ခဲ့သော ဆရာများအားလုံး၏ ပညာအရည်အချင်းများကို စုံစမ်းစစ်ဆေးမှုက အတည်ပြုဆုံးဖြတ်မည်ဖြစ်သည်။ ဒေလီ၏ ဥပဒေဝန်ကြီး ဂျီတင်ဒရာဆင်းသည် ၎င်း၏ဘွဲ့ဒီဂရီများကို လိမ်လည်မှုဖြင့် ဖမ်းဆီးခံရပြီးနောက် လွန်ခဲ့သည့်လက ဘွဲ့အတုပြသနာမှာ သတင်းခေါင်းကြီးများနေရာကို ရယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly