ဘိုင်ယန်မြူးနစ်အတွက် ဘဝတစ်ခုလုံး ပေးဆပ်ခဲ့ခြင်း ဖြစ်သည်ဟု ဂွါဒီယိုလာ ဆို

ဘိုင်ယန်မြူးနစ်အတွက် ဘဝတစ်ခုလုံး ပေးဆပ်ခဲ့ခြင်း ဖြစ်သည်ဟု ဂွါဒီယိုလာ ဆို

မေ ၄၊ မြူးနစ် ။             ။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် အက်သလက်တီကိုအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းသည် နှစ်ကျော့ပေါင်း ၂-၂ ဂိုး၊ အဝေးဂိုးရလဒ်ဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

ပြိုင်ပွဲအပြီးတွင် ဘိုင်ယန်နည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ မတက်ရောက်နိုင်ခဲ့သော်လည်း အသင်းအတွက် ဂုဏ်ယူကြောင်း ပြောဆိုလိုက်သည်။

ဂွါဒီယိုလာသည် လာမည့်ရာသီသစ်တွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့တော့မည် ဖြစ်သည့်အတွက် ယခုပွဲစဉ်တွင် ရလဒ်မကောင်းခဲ့ခြင်းက ဘိုင်ယန်နှင့် ချန်ပီယံလိဂ်ဖလားရယူလိုသည့် ၎င်း၏နောက်ဆုံးအိပ်မက် ပျက်ပြယ်ခဲ့ရသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။

ဂွါဒီယိုလာသည် ဘိုင်ယန်မြူးနစ်အသင်းကို အောင်မြင်သည့် ဥရောပ၏ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ပေးနိုင်ခဲ့သော်လည်း ပြည်တွင်း၌သာ အောင်မြင်မှု ရရှိပြီး ချန်ပီယံလိဂ်တွင် သုံးနှစ်ဆက်တိုက် ဆီမီးဖိုင်နယ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

'ဘိုင်ယန်မြူးနစ်အသင်းအတွက် ကျွန်တော့်တစ်ဘဝလုံး ပေးဆပ်ပြီး အကောင်းဆုံးလုပ်ကိုင်ခဲ့တာပါ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မတက်ရောက်နိုင်ခဲ့ပေမယ့် ဒီအသင်းအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့ပါတယ်။

ဂိုးရရှိမယ့် အခွင့်အရေးတွေ လွဲချော်ခဲ့လို့ ကစားသမားတွေအတွက် တောင်းပန်ပါတယ်' ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly